သတင်းများ
နေပြည်တော် ၂၀၂၃ စက်တင်ဘာ ၂၂
အခြေခံစာတတ်မြောက်ရေးလုပ်ငန်းသည် ပညာရေးဝန်ကြီးဌာနက ဦးဆောင်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော အမျိုးသားရေးလုပ်ငန်းစဉ် ဖြစ်ပါကြောင်း၊ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ်ပညာ ဦးစီးဌာနများရှိ ဆရာ ဆရာမများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများအနေဖြင့် စေတနာလုပ်အားပေးဆရာ ဆရာမများအဖြစ် ပါဝင်ကြစေရေးအတွက် စည်းရုံးဆောင်ရွက် ပေးကြစေလိုပါကြောင်း ယနေ့မွန်းလွဲပိုင်းတွင် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။
ရန်ကုန် ၂၀၂၃ စက်တင်ဘာ ၂၁
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ပုဂ္ဂလိကကျောင်း တည်ထောင်သူများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံသည်။
ရန်ကုန် ၂၀၂၃ စက်တင်ဘာ ၂၀
ပညာရေး၀န်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံတက္ကသိုလ်သို့ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ တတိယနှစ် ရူပဗေဒ၊ သင်္ချာ နှင့် ဘူမိဗေဒဘာသာရပ်၊ စတုတ္ထနှစ် သတ္တဗေဒဘာသာရပ်များ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုသည်။
နေပြည်တော် ၂၀၂၃ စက်တင်ဘာ ၁၉
၂၀၂၃ ခုနှစ် အရှေ့တောင်အာရှ မူလတန်းပညာ သင်ယူတတ်မြောက်မှု တိုင်းတာစစ်ဆေးရေးစံ Southeast Asia Primary Learning Metrics (SEA-PLM) စစ်ဆေးအကဲဖြတ်ခြင်း သုတေသနလုပ်ငန်း၏ အကြိုစမ်းသပ်စစ်ဆေးခြင်း လုပ်ငန်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပသည်။
နေပြည်တော် ၂၀၂၃ စက်တင်ဘာ ၁၈
၂၀၂၃ ခုနှစ် ရှမ်းပြည်နယ် စဉ်ဆက်ပညာရေးလုပ်ငန်းနှင့် စာတတ်မြောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ရေးဆိုင်ရာ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီတွင် တောင်ကြီးတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၃ စက်တင်ဘာ ၁၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဦးခွန်ရဲထွေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ဘန့်ပိန်း(ချင်းကုန်း) ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းရှိ အခြေခံစာတတ်မြောက်ရေး လုပ်ငန်း၏ နောက်ဆက်တွဲ စာသင်ဝိုင်းများတွင် အခြေခံပညာဆရာ ဆရာမများက ဒေသခံများအား အခြေခံပညာရပ်များ သင်ကြားပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။
နေပြည်တော် ၂၀၂၃ စက်တင်ဘာ ၁၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အောင်ပန်းမြို့နယ် အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းအတွင်း ကျောင်းဆောင်သစ် ဆောက်လုပ်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
နေပြည်တော် ၂၀၂၃ စက်တင်ဘာ ၁၅
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည့် ဆီမီယိုဒေသဆိုင်ရာ သမိုင်းနှင့်ရိုးရာဓလေ့ဌာန၏ (၂၂)ကြိမ်မြောက် စီမံခန့်ခွဲရေးအဖွဲ့ အစည်းအဝေးသို့ တက်ရောက်သည်။
ရန်ကုန် ၂၀၂၃ စက်တင်ဘာ ၁၂
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ်များနှင့် ပညာရေးဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ မြန်မာစာပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများနှင့် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
နေပြည်တော် ၂၀၂၃ စက်တင်ဘာ ၉
မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Shukshin Altai State University for Humanities and Pedagogy တို့ပူးပေါင်း၍ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တွင် ရုရှားဘာသာဌာန၊ ရုရှားဘာသာစကားသင်တန်းနှင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ်၌ ကျင်းပသည်။