အခြေခံစာတတ်မြောက်ရေး လုပ်ငန်းသည် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော အမျိုးသားရေး လုပ်ငန်းစဉ်ဖြစ်
နေပြည်တော် ၂၀၂၃ စက်တင်ဘာ ၂၂
အခြေခံစာတတ်မြောက်ရေးလုပ်ငန်းသည် ပညာရေးဝန်ကြီးဌာနက ဦးဆောင်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော အမျိုးသားရေးလုပ်ငန်းစဉ် ဖြစ်ပါကြောင်း၊ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ်ပညာ ဦးစီးဌာနများရှိ ဆရာ ဆရာမများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများအနေဖြင့် စေတနာလုပ်အားပေးဆရာ ဆရာမများအဖြစ် ပါဝင်ကြစေရေးအတွက် စည်းရုံးဆောင်ရွက် ပေးကြစေလိုပါကြောင်း ယနေ့မွန်းလွဲပိုင်းတွင် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။