ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့၌ကျင်းပမည့် ပညာရေးဝန်ကြီးများ၏အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ တက်ရောက်ရန်ထွက်ခွာ
နေပြည်တော် ၂၀၂၃ ဇွန် ၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယအမြဲတမ်း တွင်းဝန် ဒေါက်တာကျော်ဆန်းဝင်းနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့၌ ဇွန် ၇ ရက်မှ ဇွန် ၉ ရက်အထိ ကျင်းပမည့် ပညာရေးဝန်ကြီးများ၏ အပြည်ပြည်ဆိုင်ရာ ဖိုရမ်သို့တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။