မူဝါဒများ (Policies)

ပညာရေးမူဝါဒများ (Education Policies)

နိုင်ငံသားတိုင်း Grade 9 ထိ ပြီးမြောက်အောင် ပညာသင်ယူရေး

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၁၈ ခုနှစ်) ပုဒ်မ ၃၆၆ အရ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ် ထားသော ပညာရေးဆိုင်ရာ မူဝါဒများ နှင့်အညီ အခြေခံပညာသင်ယူနိုင်ရေး
  • ကျောင်းနေအရွယ် ကလေးအားလုံး၊ ပညာသင်ယူရမည့်အရွယ်အားလုံး ကျောင်းတက်ရောက်ရေး
  • နိုင်ငံသားတိုင်း အနည်းဆုံး အခြေခံပညာအလယ်တန်းအဆင့် KG+ Grade9 ပြီးဆုံး သည်အထိ ပညာသင်ယူနိုင်ရေး
  • KG+9 အလယ်တန်းပညာရေး ပြီးဆုံးအောင်မြင်ပြီးသူများသည် စိုက်ပျိုးမွေးမြူရေး၊ နည်းပညာနှင့်သက်မွေးပညာရေးဆိုင်ရာ ကျွမ်းကျင်မှုအရည်အသွေးများရရှိရေး အတွက် ဆက်လက်သင်ယူ လေ့ကျင့်နိုင်ခွင့်ရရှိရေးနှင့် သတ်မှတ်ချက်ပြည့်မီပါက အဆင့်မြင့်ပညာရပ်များ ဆက်လက်သင်ယူခွင့်ရရှိရေး
  • စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်သော ပညာရေးစနစ်ဖော်ဆောင်ရေး

ပညာတတ်များပေါများရေး

  • အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များပြန်လည်ဖွင့်လှစ်ရေး
  • နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကဖြစ်သော လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကို အဓိကတည်ဆောက်နိုင်ရန်ပညာရေးတွင် ရင်းနှီးမြှုပ်နှံရေး
  • ပညာရေးနှင့်ပတ်သက်၍ ဘတ်ဂျတ်ရန်ပုံငွေများသုံးစွဲရာတွင် လက်တွေ့ကျသည့် ပညာရည်မြင့်မားရေးအတွက် အထောက်အကူပြုသည့် ကိစ္စရပ်များတွင် အသုံးပြုရေး
  • ပညာရေးကောင်းမှ နိုင်ငံ၏အုတ်မြစ်ကောင်း မည်ဖြစ်သဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်နိုင်ရန်အတွက် နိုင်ငံသားတိုင်း ပညာရည်ပြည့်ဝရေးကို ဦးစားပေးဆောင်ရွက်ရေး
  • တစ်နိုင်ငံလုံး တိုင်းရင်းသားဒေသများပါမကျန် ပညာရေးမြှင့်တင်မှုလုပ်ငန်းများကို အလေးထား ဆောင်ရွက်ရေး
  • အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ရင်ပေါင်တန်း အမီလိုက်နိုင်ရေးအတွက် ပညာရေးကို မဖြစ်မနေ အားပေးဆောင်ရွက်ရေး
  • အတတ်ပညာ တတ်မြောက် သော၊ အသိပညာပြည့်စုံသော ပညာတတ်များ ပေါများရေး
  • နိုင်ငံသူနိုင်ငံသားတိုင်း မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက်၊ အသက်မွေးဝမ်းကျောင်းအလိုက်၊ အသိပညာ အတတ်ပညာများ ရှာမှီးနိုင်အောင် ဖန်တီးပေးရေး
  • ကျောင်းသား ကျောင်းသူများ စဉ်ဆက်မပြတ် တန်းစဉ်ကူးပြောင်းနိုင်ရန်အတွက် အတန်းတိုင်း အဆင့်တိုင်းတွင် သက်ဆိုင်ရာပညာရပ်များ၊ အသိပညာ၊ အတတ်ပညာများ အမှန်တကယ် တတ်ကျွမ်းမှုရှိအောင် သင်ကြားပေးရေး
  • ကျောင်းသား၊ မိဘ၊ ဆရာနှင့် အုပ်ချုပ်သူများအားလုံးပါဝင်ဆောင်ရွက်ခြင်းဖြင့် ပညာရေးမြင့်မား လာစေရေး

လူတိုင်းအကျုံးဝင်ပညာရေးနှင့် စာမတတ်သူပပျောက်ရေး

  • စာသင်ကျောင်းပညာရေးကိုအားပေးသကဲ့သို့ ကျောင်းပြင်ပပညာရေးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်သွားရေး
  • လူတိုင်းအကျုံးဝင် ပညာရေးကို အားပေးခြင်းဖြင့် လူတိုင်းသာတူညီမျှ ပညာသင်ယူခွင့် ရရှိစေရေး
  • တိုင်းရင်းသားပညာရေးကို အလေးပေး ပံ့ပိုးရေး
  • ဘုန်းတော်ကြီးသင်ပညာရေးကို အားပေးရေးနှင့် အလယ်တန်းအဆင့်ထိ သင်ကြားခွင့်ပြုရေး
  • မြန်မာစာ၊ မြန်မာစကားသည် ပြည်ထောင်စု၏ တရားဝင် ရုံးသုံး၊ ကျောင်းသုံး စာပေ ဖြစ်သဖြင့် နိုင်ငံသားအားလုံးတတ်မြောက်အောင် ဆောင်ရွက်ရေး
  • နိုင်ငံတစ်ဝန်း စာမတတ်သူပပျောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရေး

လက်လှမ်းမီမှု - Access

  • စာသင်ကျောင်းများအားလုံး ကျောင်းအင်္ဂါရပ်များနှင့်ကိုက်ညီအောင် ဆောင်ရွက် ပေးရေး၊ စာသင်ကျောင်းတိုင်းတွင် မြေ၊ အဆောက်အအုံ၊ ရေ၊ မီး၊ ကစားကွင်း ပြည့်စုံစေရေးနှင့် သွားလာရေး အဆင်ပြေ ချောမွေ့စေရေး
  • ကျောင်းများတွင် အခငွေကြေးကောက်ခံမှုမရှိစေရေး စနစ်တကျ ကြပ်မတ် ဆောင်ရွက်ရေး
  • ခရိုင် ၅၀ ရှိ အခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်းစီကို ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှု ပေါင်းစည်း အထက်တန်းကျောင်းများ တွဲဖက် ဖွင့်လှစ်ရေး
  • နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကျောင်းများ၊ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုပေါင်းစည်းအထက်ကျောင်းများသည် တန်ဘိုးမြင့် ထုတ်ကုန် ဈေးကွက်အတွက် ကျွမ်းကျင်မှု အရည်အသွေးများကို ဖြည့်ဆည်းပေးရေး

အလေ့အကျင့်ကောင်းများ လေ့ကျင့်ပျိုးထောင်ပေးရေး

  • စာမတတ်သူပပျောက်ရေးမှသည် စာမဖတ်သူပပျောက်ရေးကို ဆောင်ရွက်ရေး
  • စာကြည့်တိုက်များ ပြည့်စုံစွာ ဖွင့်လှစ်ထားရှိရေး
  • စာကြည့်တိုက်အသုံးပြုသည့် အလေ့အကျင့်ကောင်းကို ပျိုးထောင်ပေးရေးနှင့် သုတစာပေ၊ ရသစာပေများ ဖတ်ရှုခြင်းကို ဝါသနာထုံစေရန် မြေတောင်မြှောက် ပြုစုပျိုးထောင်ပေးရေး
  • နိုင်ငံတော်၏အနာဂတ်သည် စာတတ်ရုံနှင့် မပြည့်စုံသေးပဲ စာဖတ်ရန်နှင့် စဉ်ဆက်မပြတ်လေ့လာရန် လိုအပ်သဖြင့် စာတတ်သူတိုင်း စာဖတ်လာစေရေး၊ စာဖတ်သူတိုင်း ကောင်းမွန်မှန်ကန်သော အသိပညာ ဗဟုသုတရရှိလာစေရေး၊ တိုင်းကျိုးပြည်ပြုစိတ်များ ကိန်းအောင်းလာစေရေး ဆောင်ရွက်ရေး
  • ကျောင်းသား ကျောင်းသူများအား ငယ်ရွယ်စဉ်ကာလမှစ၍ မြန်မာ့ယဉ်ကျေးမှု ဓလေ့ ထုံးစံ၊ ပြည်သူ့နီတိတို့နှင့် ရင်းနှီးကျွမ်းဝင်စေကာ လိုက်နာစောင့်ထိန်းတတ်အောင် သင်ကြားလေ့ကျင့်ပေးရေး
  • ဆရာ ဆရာမများ မိမိအလုပ်ကို အလေးထားပြီး အချိန်ကိုလေးစားသည့် အလေ့ အကျင့်ကောင်းများမှစ၍ စိတ်ဓာတ်ကောင်းများနှင့် တွေးတောကြံဆတတ်မှုများ ရှိအောင် မိမိကိုယ်ကို လေ့ကျင့်ရေးနှင့် ကျောင်းသား ကျောင်းသူများကိုလည်း ပြုစုလေ့ကျင့် ပေးရေး

အားကစားနှင့် ပညာရေးပေါင်းစပ်သင်ကြားရေး

  • နိုင်ငံတစ်ခု၏ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာမြှင့်တင်ရေးအတွက် အားကစားကို အားပေးရေး
  • လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးစေရေးနှင့်အားကစားကဏ္ဍ မြှင့်တင်ရေးအတွက် ကျောင်းတွင်း အာဟာရကျွေးမွေးရေးနှင့် ကျောင်းအားကစားကွင်းများ အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ရေး
  • ပညာရေးနှင့် အားကစားတွဲဖက်သင်ယူနိုင်သည့် အခွင့်အလမ်းများ တိုးတက်စေရေး သက်ဆိုင်ရာဌာနများက ပေါင်းစပ်ဆောင်ရွက်ပေးရေး

အရည်အသွေးပြည့်ဝသည့် ပညာရေးဝန်ထမ်းများ မွေးထုတ်ပေးရေး

  • အရည်အချင်းပြည့်ဝသည့် ပညာရေးဝန်ထမ်းများကို လေ့ကျင့်မွေးထုတ်သွားရေး
  • ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမများ ပြည့်စုံအောင် ခန့်ထားပေးရေး
  • ဆရာ ဆရာမများသည် သင်ကြားသောဘာသာရပ်နှင့် ရရှိထားသောဘွဲ့ ကိုက်ညီရေး နှင့် ဘာသာရပ်အလိုက်ပညာရပ်များ ကောင်းစွာ တတ်ကျွမ်းရေး
  • ဆရာ ဆရာမများ၏ အရည်အသွေး အစဉ်တိုးတက်မြင့်မားနေစေ‌ရန်အတွက် ဘာသာရပ်မွမ်းမံသင်တန်းများ၊ အရည်အသွေးမြှင့်သင်တန်းများ ဖွင့်လှစ်ပို့ချလေ့ကျင့်ရေး
  • အုပ်ချုပ်မှုသင်တန်းများ၊ စီမံခန့်ခွဲမှုသင်တန်းများ ဖွင့်လှစ်ပေးရေး
  • ဝန်ထမ်းများအား ရာထူးတိုးမြှင့်ပေးသည့်အခါတိုင်း ရာထူးအဆင့်အလိုက် စွမ်းရည်မြှင့် သင်တန်းများ တက်ရောက်စေရေး စီမံဆောင်ရွက်ရေး

တက္ကသိုလ်များ အဆင့်မြှင့်တင်ရေး

  • တက္ကသိုလ်များ၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ ဝန်းကျင်ကောင်းများ ဖန်တီးပေးရေးနှင့် တက္ကသိုလ်အတွင်းအပြင် သန့်ရှင်းသာယာလှပစေရေး
  • တက္ကသိုလ်အင်္ဂါရပ်များ ပြည့်စုံအောင် ဖြည့်ဆည်းပေးရေး
  • ပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ခုလျှင် ပါရဂူဘွဲ့သင်တန်း ဖွင့်လှစ်သည့်တက္ကသိုလ် အနည်းဆုံးတစ်ခုရှိရေး
  • ပါရဂူဘွဲ့သင်တန်း ဖွင့်လှစ်သည့်တက္ကသိုလ်များသည် နိုင်ငံတကာနှင့် ရင်ဘောင်တန်း နိုင်သည့် ထိပ်တန်းတက္ကသိုလ်ကြီးများ ဖြစ်လာစေရေး
  • ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နှင့် Naypyitaw State Academy တို့သည် နိုင်ငံ၏ထိပ်တန်းတက္ကသိုလ်များ ဖြစ်အောင် ဆောင်ရွက်ရေးနှင့် ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များစာရင်းတွင် ပါဝင်နိုင်သည်အထိ မျှော်မှန်းဆောင်ရွက်ရေး
  • နေပြည်တော်ကို ပညာရေးမြို့တော်ဖြစ်လာစေရေး
  • နိုင်ငံတော်စီးပွားရေး တိုးတက်စေရန်နှင့် နိုင်ငံသားများ ဥပဒေကို သိရှိလိုက်နာ တတ်စေရန်အတွက် တက္ကသိုလ်များတွင် စီးပွားရေးပညာဘွဲ့ B.A (Economics) နှင့် ဥပဒေပညာဘွဲ့ B.A (Law) သင်တန်းများကို တိုးချဲ့ဖွင့်လှစ်ပေးရေး
  • နိုင်ငံလိုအပ်ချက်၊ ဒေသလိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် အသုံးချဘာသာရပ် များကို တက္ကသိုလ်၊ ကောလိပ်များတွင် တိုးချဲ့သင်ကြား လေ့ကျင့်ပေးရေး

ထိရောက်သော သင်ကြားသင်ယူရေး

  • အလွတ်ကျက်စနစ်မှ စဉ်းစားတွေးခေါ် ဖန်တီးမှုကို အားပေးသော ထိရောက်သည့် သင်ကြားရေး နည်းစနစ်များကို ပြောင်းလဲအသုံးပြု၍ ပညာရပ်များကို အမှန်တကယ် တတ်ကျွမ်းအောင် သင်ကြား‌ပေးရေး
  • ပတ်ဝန်းကျင်ကောင်းများ ဖန်တီး၍ ကျောင်းသားကျောင်းသူများ ဘဝအတွက် အတွေ့အကြုံ ကောင်းများရရှိရေး၊ အမြင်ကျယ်လာစေရေး၊ တွေးတောကြံဆ ဆန်းစစ် ဖန်တီးတတ်မှုများ ရှိစေရေးအတွက် အသိပညာနှင့် အတတ်ပညာများလေ့ကျင့်သင်ကြားပေးရေး
  • ကျောင်းသား ဆရာအချိုး လျော့ချခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းဖြင့် ကျောင်းသား ကျောင်းသူများ၏ တွေးခေါ်မှုနှင့် နားလည် တတ်ကျွမ်းမှုကို မြှင့်တင်ပေး၍ သင်ကြား သင်ယူမှုကို ပိုမိုထိရောက်စေရေး
  • ပညာရပ်ပိုင်းဆိုင်ရာများအလိုက် ထူးချွန်သူများ ပေါ်ထွန်းလာစေရန် အားပေးဆောင်ရွက်ရေး
  • စာကြည့်တိုက်နှင့် အင်တာနက်မှ ပညာဗဟုသုတ ရှာဖွေဆည်းပူးတတ်စေရေးနှင့် လေ့လာမှုများ ဆောင်ရွက်ရာတွင်လည်း ထဲထဲဝင်ဝင် ထိထိရောက်ရောက် လေ့လာ သင်ယူနိုင်ရေး အလေးထားဆောင်ရွက်ရေး

သင်ရိုးညွှန်းတမ်း

  • အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များတွင် ကျောင်းသား၊ ကျောင်းသူများ ရှေးဟောင်းယဉ်ကျေးမှု သမိုင်းအမွေအနှစ်များကို တန်ဖိုးထားထိန်းသိမ်းတတ်စေရန် ပညာပေး ထည့်သွင်းသင်ကြားရေး
  • ဒီမိုကရေစီစနစ်ကျင့်သုံးသောနိုင်ငံ တည်ဆောက်ရာတွင် သိသင့်သိထိုက်၊ ရှိသင့်ရှိထိုက်သော တွေးခေါ်မျှော်မြင်မှုများ၊ အသိပညာဗဟုသုတများရှိနေစေရန် ပျိုးထောင်လေ့ကျင့်တည်ဆောက် ပေးရေး
  • နိုင်ငံတကာအဆင့်မီ ခေတ်မီသင်ရိုးညွှန်းတမ်းများ၊ ဆန်းသစ်တီထွင်မှုကို အားပေး မြှင့်တင်သည့် အသုံးချသုတေသနများဖြင့် အရည်အသွေးမြင့်မားသော ဘွဲ့ရပညာတတ် များကို မွေးထုတ်ပေးရေး

သုတေသနနှင့် ဖွံ့ဖြိုးရေး

  • နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးအတွက် သုတေသနနှင့် ဖွံ့ဖြိုးရေး (R&D)ကို ကဏ္ဍ အသီးသီးတွင် အလေးထားဆောင်ရွက်ရန်လိုသဖြင့် Marketing ၊ ပညာရေး၊ စီးပွားရေး၊ စက်မှု၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် သုတေသနပြု လုပ်ငန်းများ ဆောင်ရွက်၍ လုပ်ငန်းများ အောင်မြင်အောင် လုပ်ဆောင်သွားရေး
  • တိုင်းပြည်စီးပွားရေးနှင့် ပြည်တွင်းထုတ်လုပ်မှုတိုးမြင့်လာရေးအတွက် စက်ရုံများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ(MSME)နှင့် ပုဂ္ဂလိကကဏ္ဍတို့အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် နိုင်ငံတကာအဆင့်မီ သုတေသနရလဒ် များကို အသုံးချ သုတေသနများမှ ဖော်ထုတ်၍ နည်းပညာလွှဲပြောင်းပေးရေး
  • တက္ကသိုလ်မှ သက်ဆိုင်ရာဘာသာရပ်အလိုက် ဘွဲ့ရပြီးချိန်၌ လူတစ်ဦးချင်း တတ်မြောက်သည့် ပညာရပ်များကို အသုံးချခြင်းဖြင့် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေရေး
  • နိုင်ငံတော်တည်ဆောက်ရေးအတွက် ဘွဲ့ရအလုပ်အကိုင် အခွင့်အလမ်းများကို မြှင့်တင်ပေးရေး

ပညာရေးဝန်ထမ်းများအား ခံစားခွင့် ချီးမြှင့်ရေး

  • ဆရာ ဆရာမများအတွက် ပညာအရည်အချင်းအလိုက် ခံစားခွင့်များကို တိုးမြှင့်ပေးရေး
  • ဆရာ ဆရာမများ အာစရိယဂုဏ်ဖြင့် ရပ်တည်နိုင်ရေးအတွက် အာမခံချက်များ ရရှိအောင် ဆောင်ရွက်ပေးရေး
  • ပညာရေးဝန်ထမ်းများအား လစာစရိတ်နှင့် ခံစားခွင့်များ ပိုမိုပေးအပ်နိုင်ရေး
  • အုပ်ချုပ်မှုနှင့် ပတ်သက်၍လည်း ပညာအရည်အချင်းနှင့် တာဝန်ထမ်းဆောင်မှု အဆင့်အလိုက် ထောက်ပံ့ ဆောင်ရွက်ပေးရေး

ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ သင်ကြားပေးရေး

  • မြန်မာ့ထုံးတမ်းစဉ်လာများ၊ အမျိုးသားရေးစရိုက်လက္ခဏာနှင့် ယဉ်ကျေးမှုတို့နှင့် ကိုက်ညီသော ဒီမိုကရေစီအလေ့အကျင့်ကောင်းများကို သင်ကြားပေးခြင်းဖြင့် ကျောင်းသားကျောင်းသူများ ဒီမိုကရေစီ အခြေခံသဘောတရား အသိများရှိအောင် ဆောင်ရွက်ပေးရေး
  • ပညာကို အခြေခံသည့် အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုများကို အသုံးချကာ နိုင်ငံသား များ၏ စုပေါင်းစွမ်းပကားဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရေး
  • အသိပညာ၊ အတတ်ပညာနှင့် ဗဟုသုတများပြည့်စုံသော၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာ များ၊ အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်လာပြီး မိမိယဉ်ကျေးမှု ဘာသာဓလေ့ထုံးစံများကို တန်ဖိုးထားမြတ်နိုးတတ်သော အလေ့အထကောင်းများ ရှိလာမည့် စာတတ်ပေတတ် အနာဂတ် မျိုးဆက်သစ်လူငယ်များ တိုးပွားလာစေရေး