ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ ဗီနေးကူးမား ကိုလက်ခံတွေ့ဆုံ

 

နေပြည်တော် ၂၀၂၂ ဧပြီ ၇

         ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ ဗီနေးကူးမားကို ယနေ့ မွန်းလွဲ ၃နာရီက ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့်ဆရာအတတ်ပညာကဏ္ဍများရှိ ဆရာ ဆရာမများ အရည်အသွေးမြှင့်တင်ရေးကိစ္စရပ်များ၊ သုတေသနပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆရာဆရာမ၊ ကျောင်းသားကျောင်းသူ ပညာတော်သင်များတိုးမြှင့် ခေါ်ယူနိုင်ရေး ကိစ္စရပ်များ၊ သင်ရိုးညွှန်းတမ်းရေးဆွဲရေးဆိုင်ရာသင်တန်းများ၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ သင်တန်းများ၊ စီးပွားရေးနှင့်စီမံခန့်ခွဲရေးဆိုင်ရာသင်တန်းများ၊    အင်္ဂလိပ်စာသင်တန်းများနှင့် ပညာရေးနှင့် နည်းပညာ စသည့်ကဏ္ဍအသီးသီးတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ  ဆွေးနွေးခဲ့ကြသည်။