လာမည့်ပညာသင်နှစ်မှစတင်ပြီး ခရိုင် ၅၀ ရှိ အခြေခံပညာအထက်တန်းကျောင်း ၅၀ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပေါင်းစည်းအထက်တန်းကျောင်းများ တွဲဖက်ဖွင့်လှစ်သွားမည်
နေပြည်တော် ၂၀၂၂ စက်တင်ဘာ ၂၇
လာမည့်ပညာသင်နှစ်မှစတင်ပြီး ခရိုင် ၅၀ ရှိ အခြေခံပညာအထက်တန်းကျောင်း ၅၀ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပေါင်းစည်းအထက်တန်းကျောင်းများ တွဲဖက်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ယနေ့ကျင်းပသည့် ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ ပညာရေးနှင့်ကျန်းမာရေးလုပ်ငန်းကော်မတီ (ပထမအကြိမ်) အစည်း အဝေးတွင် ထည့်သွင်းပြောကြားသည်။