August 2022

လာမည့်ပညာသင်နှစ်တွင် အခြေခံပညာရေးနှင့် အဆင့်မြင့်ပညာရေးကဏ္ဍများတွင် ကျောင်းတက်နှုန်းမြင့်မားရေးအတွက် အလေးထားဆောင်ရွက်

နေပြည်တော် ၂၀၂၂ ဩဂုတ် ၂၉
ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့်ကျောင်းအုပ်ကြီးများအတွက် အရည်အသွေးမြှင့် သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

(၁၅) ကြိမ်မြောက် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု သီတင်းပတ်ဖွင့်ပွဲအခမ်းအနားနှင့် တတိယအကြိမ်မြောက် အာဆီယံ-တရုတ် ပညာရေးဝန်ကြီးများ စကားဝိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၂၀၂၂ ဩဂုတ် ၂၃

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ်တွင် ကျင်းပသော ၂၀၂၂ခုနှစ် (၁၅) ကြိမ် မြောက် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု သီတင်းပတ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် အွန်လိုင်းစနစ်ဖြင့်ကျင်းပရာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ပညာရေးဝန်ကြီးများနှင့် မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်တို့ တက်ရောက်ကြသည်။

ကျောင်းအားကစားကွင်းမရှိသည့် ကျောင်းများအနေဖြင့် မြေနေရာ စံသတ်မှတ်ချက်များကို တိုင်းတာ၍ တင်ပြစေလို

နေပြည်တော် ဩဂုတ် ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားခဲ့သည်များကို ထပ်ဆင့် ရှင်းလင်းမှာကြား ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) ၌ ကျင်းပသည်။

သက်ပြည့်အငြိမ်းစားနှင့် ကွယ်လွန်သူ ပညာရေးဝန်ထမ်းများ၏ သားသမီးများကိုပါ ချီးမြှင့်ပေးမည်

နေပြည်တော် ၂၀၂၂ ဩဂုတ် ၁၂
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ပညာရေးဝန်ထမ်းသားသမီးများ ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားကို ယနေ့ နံနက် ၉နာရီတွင် ရုံးအမှတ်(၁၃) ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ရွှေ၊ငွေ၊ကြေးတံဆိပ်ဆုများ ဆွတ်ခူးခဲ့သော မြန်မာနိုင်ငံတက္ကသိုလ်ဝူရှူးအားကစားအဖွဲ့ ပြန်လည်ရောက်ရှိ

နေပြည်တော်၂၀၂၂ ဩဂုတ် ၈
အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာနိုင်ငံတက္ကသိုလ်‌ ဝူရှူးအားကစားအဖွဲ့သည် ယနေ့ညနေ ၆ နာရီတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီးရှိ ပါမောက္ခချုပ်များနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ဝူရှူးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများက လေဆိပ်တွင် လှိုက်လှဲစွာကြိုဆိုခဲ့ကြသည်။

အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံတက္ကသိုလ်အားကစားအဖွဲ့များဝင်ရောက်ယှဉ်ပြိုင်

နေပြည်တော်၂၀၂၂ ဩဂုတ် ၆

အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲကျင်းပရေးကောင်စီ(AUSC) သည် အကြိမ် (၂၀) မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲကို ဇူလိုင် ၂၆ မှ သြဂုတ် ၆ ရက်အထိ ထိုင်းနိုင်ငံ၊ အူဘွန်ရတ်ချဌာနီမြို့တွင် ကျင်းပခဲ့ပြီး ပြိုင်ပွဲကို အရှေ့တောင်အာရှဒေသတွင်းမှ အိမ်ရှင်ထိုင်း၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တီမော၊ ဗီယက်နမ် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အားကစားသမားများ၊ အုပ်ချုပ်/နည်းပြအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်ကြခဲ့ကြသည်။

ပညာရေးလုပ်ငန်းများ ထိရောက်အောင်မြင်စေရန် ပညာရေးမိသားစုများအချင်းချင်း အပြန်အလှန်လေးစားမှုဖြင့် လက်တွဲဆောင်ရွက်ကြစေလို

နေပြည်တော်၂၀၂၂ ဩဂုတ် ၆
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းသည် အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်နှင့်အတူ ယနေ့နံနက်ပိုင်းတွင်မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်(၂၃) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁)ဘုန်းတော်ကြီးသင်ပညာ‌ရေး အလယ်တန်းကျောင်း(ထခွဲ)များသို့ သွားရောက်ကြည့်ရှု အားပေးသည်။

ရေဘေးသင့် ကျောင်းသားကျောင်းသူများကို ကျောင်းသုံးပုံနှိပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ၂၀၂၂ ဩဂုတ် ၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ ရေဘေးသင့်ကျောင်းသားကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြင်ဦးလွင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီခန်းမ၌ ကျင်းပသည်။

တက္ကသိုလ်အားလုံးတွင် သုတေသနလုပ်ငန်းများကို စတင်ဆောင်ရွက်ကြရမည် ထပ်မံခန့်အပ်မည့် နည်းပြ၊ သရုပ်ပြအသစ်များအတွက် တစ်လသင်တန်းများကို စက်တင်ဘာလတွင် ဖွင့်လှစ်မည်

နေပြည်တော် ၂၀၂၂ ဩဂုတ် ၃
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ပညာရေး ဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆရာအတတ် ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ အခြေခံပညာဦးစီး ဌာနမှ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ရုံးအမှတ် ၁၃ ပညာရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။