ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဒဂုံတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဆရာ ဆရာမများနှင့် တက္ကသိုလ်ဝင်တန်း စာစစ်ဆရာဆရာမများကိုတွေ့ဆုံ
ရန်ကုန် ၂၀၂၂ ဧပြီ ၃၀
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကျော်ဝင်းတို့နှင့် အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဒဂုံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်၊ ဆရာဆရာမများ၊ တက္ကသိုလ်ဝင်တန်း စာစစ် ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။