ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များကို ဆရာ ဆရာမများက စနစ်တကျပြုစုပျိုးထောင်ပေးကြစေလို
တောင်ကုတ် ၂၀၂၂ ဇန်နဝါရီ ၂၇
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် ယနေ့မွန်းလွဲပိုင်းတွင် တောင်ကုတ်တက္ကသိုလ်ရှိ ပညာရတနာဘက်စုံသုံးခန်းမတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဘဏ္ဍာဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံသည်။