March 2021

ပြည်ထောင်စုဝန်ကြီး အခြေခံပညာမူလတန်း ကျောင်းအုပ်ကြီးများ၏ စီမံအုပ်ချုပ်ရေးအရည်အသွေးမြှင့်မွမ်းမံသင်တန်းများ (မြို့နယ်အဆင့်) သို့ လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် ၂၀၂၁ မတ် ၂၂

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများဖြစ် ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲ ၁း၃၀ နာရီ အချိန်တွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာ အထက်တန်း ကျောင်းနှင့် ပုဗ္ဗသီရိမြို့နယ် အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဖွင့်လှစ်ထား သည့် အခြေခံပညာမူလတန်းကျောင်းအုပ်ကြီးများအတွက် စီမံအုပ်ချုပ်ရေး (စီမံ၊ ဘဏ္ဍာ၊ ပညာ) အရည်အသွေးမြှင့် မွမ်းမံသင်တန်းများ (မြို့နယ့်အဆင့်) သို့သွားရောက်၍ လှည့်လည်ကြည့်ရှု အားပေး သည်။

ပြည်ထောင်စုဝန်ကြီး အခြေခံပညာကျောင်းအုပ်ကြီးများ၏ စီမံအုပ်ချုပ်ရေးအရည်အသွေးမြှင့်မွမ်းမံသင်တန်းများ (မြို့နယ်အဆင့်) သို့ လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် ၂၀၂၁ မတ် ၁၇

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေသည် ဒုတိယဝန်ကြီးများဖြစ် ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ် အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းနှင့် ဇေယျာသီရိ မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ကျောက်ချပ်) တို့တွင်ဖွင့်လှစ်ထားသည့် အခြေခံပညာ အထက်တန်း၊ အလယ်တန်းကျောင်းအုပ်ကြီးများအတွက် စီမံအုပ်ချုပ်ရေး (စီမံ၊ ဘဏ္ဍာ၊ ပညာ) အရည်အသွေးမြှင့်မွမ်းမံသင်တန်းများ (မြို့နယ့်အဆင့်) သို့သွားရောက်၍ လှည့်လည်ကြည့်ရှု အားပေး သည်။

ပြည်ထောင်စုဝန်ကြီး ပညာရေးဝန်ကြီးဌာန ဦးစီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး

နေပြည်တော် ၂၀၂၁ မတ် ၅

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ယနေ့နံနက်ပိုင်းတွင်  ရုံးအမှတ်(၁၃)ရှိ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။