သတင်းများ
နေပြည်တော် ၂၀၂၅ ဧပြီ ၁၈
မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ချိန်အမီ အဆင်သင့် ပြင်ဆင်ထားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
နေပြည်တော် ၂၀၂၅ ဧပြီ ၁၁
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် အမှတ်(၃)၊ အမှတ်(၅)၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောက်ချက်အခြေခံ ပညာအထက်တန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတို့သို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
နေပြည်တော် ၂၀၂၅ ဧပြီ ၁၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီး ဒဏ်သင့် ပညာရေးဝန်ထမ်းများအတွက် အလှူရှင်များ လာရောက်လှူဒါန်းသော အစားအသောက် များနှင့် ထောက်ပံ့ငွေများကို ဦးစီးဌာနအလိုက် ပြန်လည်ဖြန့်ဝေပေးအပ်သည်။
နေပြည်တော် ၂၀၂၅ ဧပြီ ၁၀
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ဧပြီလ ၉ရက်နေ့တွင် တာဝန်ရှိသူများနှင့်အတူ ပြင်ဦးလွင်မြို့ အမှတ်(၁)နှင့် အမှတ်(၄) အခြေခံပညာ အထက်တန်း ကျောင်းများတွင် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာ သင်တန်း တက်ရောက်လျက်ရှိကြသည့် ဆရာ ဆရာမများအား တွေ့ဆုံအားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့သည်။
နေပြည်တော် ၂၀၂၅ ဧပြီ ၉
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ဧပြီ ၈ ရက်တွင် ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာပြည်စိုးသိမ်း၊ တာဝန်ရှိသူများနှင့်အတူ မိတ္ထီလာပညာရေး ဒီဂရီကောလိပ်သို့ရောက်ရှိခဲ့ပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ကျောင်းဆောင်များအခြေအနေ ကို ကြည့်ရှုစစ်ဆေးကာ ဇွန်လကျောင်းဖွင့်ချိန်တွင် သင်ကြားအသုံးပြုနိုင်မည့် စာသင်ခန်းများကို ကြည့်ရှုသည်။
နေပြည်တော် ၂၀၂၅ ဧပြီ ၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းများသို့သွားရောက်၍ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ကျောင်းဆောင်၊ စာသင်ဆောင်၊ ကျောင်းဝင်း အုတ်တံတိုင်းစသည့် ပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး
နေပြည်တော် ၂၀၂၅ ဧပြီ ၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများကို တွေ့ဆုံသည်။
နေပြည်တော် ၂၀၂၅ ဧပြီ ၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းရှိ ငလျင်ဘေးဒဏ်သင့် ပညာရေး ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၏ ယာယီစုပေါင်းနေထိုင်ရာစခန်းသို့ ကြည့်ရှုစစ်ဆေး၍ လိုအပ် သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
နေပြည်တော် ၂၀၂၅ ဧပြီ ၃
ပညာရေးဝန်ကြီးဌာန၏ ငလျင်ဘေးဒဏ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃)ရှိ အစည်းအဝေး ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်
နေပြည်တော် ၂၀၂၅ ဧပြီ ၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် ပညာရေးအိမ်ရာရှိ ပညာရေးဓမ္မာရုံသို့သွားရောက်၍ ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် နေပြည်တော်၌ ဖြစ်ပေါ်ခဲ့သည့် ပြင်းထန်ငလျင်ဘေးဒဏ်သင့် ပညာရေးဝန်ထမ်းမိသားစုများအား တွေ့ဆုံ အားပေးစကားပြောကြား