သတင်းများ
နေပြည်တော် ၂၀၂၅ မေ ၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများကို သင်ကြားပို့ချပေးမည့် အထက်တန်းပြ ဆရာ ဆရာမများအား တက္ကသိုလ်ပါမောက္ခ၊ ဆရာ ဆရာမများက ဘာသာရပ် ဆိုင်ရာ(TOT)သင်တန်း သင်ကြားပို့ချပေးနေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။
နေပြည်တော် ၂၀၂၅ မေ ၃
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များ၊ တက္ကသိုလ်ပါမောက္ခချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ ဘာသာရပ်ဆိုင်ရာသင်ခန်းစာများကို အေးချမ်းစွာ အနီးကပ် သင်ယူနေမှုများအား လိုက်လံကြည့်ရှုအားပေး၍ လိုအပ်သည်များ မှာကြားသည်။
နေပြည်တော် ၂၀၂၅ မေ ၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ စစ်ကိုင်းတိုင်း ဒေသကြီးလူမှုရေးရာဝန်ကြီး၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအတွက် လေ့ကျင့်သင်ကြားရေးစခန်းများ ဖွင့်လှစ်၍ တက္ကသိုလ် ပါမောက္ခ၊ ဆရာ ဆရာမများက ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများ အနီးကပ်သင်ကြားပို့ချနေမှုများကို လိုက်လံ ကြည့်ရှုအားပေး၍ လိုအပ်သည်များကို မှာကြားသည်။
နေပြည်တော် ၂၀၂၅ ဧပြီ ၃၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား ဘာသာရပ်အလိုက် သင်ကြားပေးမည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ ဆရာမများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၅ ဧပြီ ၂၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ကို လမ်းညွှန်မှာကြားသည်။
နေပြည်တော် ၂၀၂၅ ဧပြီ ၂၇
မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများပျက်စီးသွားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များ အတွက် ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၅ ဧပြီ ၂၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့်ဦးနေမျိုးလှိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီး ဘေးဒဏ်သင့် ပညာရေးဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများနေထိုင်ရန် နှစ်ခန်းတွဲ ဘာရှာအဆောက်အအုံများ ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
နေပြည်တော် ၂၀၂၅ ဧပြီ ၂၂
၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃)ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒုတိယပါမောက္ခချုပ်များတက်ရောက်ကြပြီး တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
နေပြည်တော် ၂၀၂၅ ဧပြီ ၂၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီး ဘေးဒဏ်သင့် ပညာရေးဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ နေထိုင်ရန် နှစ်ခန်းတွဲ Basha အဆောက်အအုံများ ဆောက်လုပ်မည့် မြေနေရာသို့သွားရောက်၍ မြေညှိရှင်းလင်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
နေပြည်တော် ၂၀၂၅ ဧပြီ ၂၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားသည်။