သတင်းများ
နေပြည်တော် ၂၀၂၅ ဇွန် ၁၃
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ဇွန် ၁၁ ရက်မှ ၁၂ ရက်အထိ “Shaping the Future” ကမ္ဘာကြီး၏ အနာဂတ်ကို ပညာရေးဖြင့်ပုံဖော်ခြင်းဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသည့် ပညာရေးဝန်ကြီးများ၏ အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့သည်။
နေပြည်တော် ၂၀၂၅ ဇွန် ၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဦးနေမျိုးလှိုင်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေမှုနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
နေပြည်တော် ၂၀၂၅ မေ ၃၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ အခြေခံပညာဦးစီးဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။
နေပြည်တော် ၂၀၂၅ မေ ၃၀
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် Naypyitaw State Academy သို့ရောက်ရှိပြီး ဇွန် ၂ ရက်မှစတင် ဖွင့်လှစ်သင်ကြားမည့် စာသင်ခန်းများနှင့် လက်တွေ့ခန်းများ ပြင်ဆင်ထားရှိမှု၊ Naypyitaw State Academy အတွင်း ခြောက်ထပ်စာသင်ဆောင်သစ် ဆောက်လုပ်နေမှု၊ ကျောင်းသားကျောင်းသူ အိပ်ဆောင် တည်ဆောက်နေမှုနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
နေပြည်တော် ၂၀၂၅ မေ ၂၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းအပ်နှံနေကြသည့် ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများကို လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းဖွင့်ချိန်အမီ ဆောင်ရွက်နေသည့် ယာယီစာသင်ဆောင်များ၊ ပြုပြင်တည်ဆောက်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
နေပြည်တော် ၂၀၂၅ မေ ၂၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာ ရေးမှူးများနှင့် တွေ့ဆုံသည်။
နေပြည်တော် ၂၀၂၅ မေ ၂၄
ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်၍ ကျောင်းအပ်နှံမှု လက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အခြေခံပညာကျောင်းအသီးသီး၌ ဒုတိယနေ့ ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
နေပြည်တော် ၂၀၂၅ မေ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၅ မေ ၂၂
၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းရှိ ခန်းမ၌ ကျင်းပရာ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ကျောင်းအပ်ကြစို့” သီချင်းဖြင့် သီဆိုဖွင့်လှစ်ကြသည်။
ရန်ကုန် ၂၀၂၅ မေ ၁၇
ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက် ၁၀နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမ၌ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်မောင်ထွန်း၊ ဒုတိယပါမောက္ခချုပ်များ၊ သိပ္ပံဘာသာရပ် ပါမောက္ခ(ဌာနမှူး)များ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံသည်။