- မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း/ လက်ခံခြင်းမပြုရ။
- ငွေကြေး/ လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာလက်ခံခြင်းမပြုရ။
- ကျောင်းဝတ်စုံအတွက် အတန်းတံဆိပ်နှင့် ကျောင်းတံဆိပ်များ ရောင်းချခြင်းမပြုရ။
- အခြားမည့်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရ။
- အသက် ၅နှစ်ပြည့်သူတိုင်းအား သူငယ်တန်း(KG)တွင်လည်းကောင်း၊ အသက် ၆နှစ်ပြည့်သူတိုင်းအား ပထမတန်း (Grade 1)တွင်လည်းကောင်း၊ ကျောင်းနေအရွယ်အားလုံး ကျောင်းအပ်လက်ခံဆောင်ရွက်ရန်။
- ဇွန်လမှ မတ်လအထိ ကျောင်းတက်မှန်၍ စာသင်ချိန်ဇယားအတိုင်း ပုံမှန်အတန်းဝင် သင်ကြားသင်ယူ ပေးရန်၊ ရုံးတက်မှန်ရန်။
- ကျောင်းသား၊ ကျောင်းသူများအား ပူးပေါင်းဆောင်ရွက်တတ်၍ တာဝန်ယူတာဝန်ခံ ဆောင်ရွက် တတ်သော တီထွင်ကြံဆနိုင်စွမ်းရှိသည့် လူသားကောင်းများဖြစ်လာစေရန်အတွက် ကျောင်းတက်မှန်ရေး၊ အိမ်စာများကို နေ့စည်လုပ်ဆောင်ရေး၊ သင်ယူတတ်မြောက်မှု အရည်အသွေး ကောင်းမွန်ရေး မိဘများနှင့် ပူးပေါင်းဆွေးနွေး ဆောင်ရွက်ပါရန်။
- သက်ဆိုင်ရာ အတန်းများအလိုက် အခန်းဆုံးစစ်ဆေးခြင်းများကို ၂၀၁၉-ခုနှစ် ဇူလိုင်လတွင် တစ်ကြိမ်နှင့် ဒီဇင်ဘာလတွင် တစ်ကြိမ်၊ နှစ်လယ် စစ်ဆေးခြင်းကို အောက်တိုဘာလတွင် တစ်ကြိမ်၊ နှစ်ဆုံး စစ်ဆေးခြင်းကို ၂၀၂၀-ခုနှစ် မတ်လတွင် တစ်ကြိမ် စုစုပေါင်း (၄)ကြိမ်သာ ဆောင်ရွက်ရန်။
- ကျောင်းခေါ်ချိန်မပြည့်သူများ၊ သင်ယူတတ်မြောက်မှုအားနည်းသော ကျောင်းသား၊ ကျောင်းသူများ အတွက် ဖြည့်ဆည်းသင်ကြားပေးခြင်း (Remedial Education)ကို ဇူလိုင်လမှစတင်၍ နှစ်ဆုံး စစ်ဆေးခြင်း မတိုင်မီအထိ စဉ်ဆက်ဆောင်ရွက်ရန်။
- ကျောင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက် တတ်စေရေး ကျောင်းသား၊ ကျောင်းသူများကို တိုက်တွန်းအားပေးပါရန်။
- မူလတန်းအဆင့်တွင် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းကျောင်းသား၊ ကျောင်းသူများအားလုံး စာဖတ်တတ်ရန်၊ စာရေးတတ်ရန်၊ အခြေခံသင်္ချာတွက်ချက်တတ်ရန် အလေးအနက်ထား ဆောင်ရွက်ပြီး၊ ကျောင်းထွက်သူလုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့် ဆက်လက် ပညာသင်ယူနိုင်ရေးအတွက် မိဘများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးပါရန်။
- မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ အရက်၊ ဘီယာ၊ စီးကရက်၊ ကွမ်းယာ မသုံးစွဲရေး မိဘပြည်သူ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်။
- ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်းလိုက်နာရေး မိဘပြည်သူအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်ရန်။
- ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပုံစံများ စွဲမြဲဆောင်ရွက်တတ်ရန် အသိပညာပေးရေး မိဘပြည်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်။
- မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးရေးကို မိဘပြည်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်။
- ကျောင်းသား၊ ကျောင်းသူများ ကွန်ပျူတာဂိမ်းစွဲလမ်းမှု၊ ဖုန်းဂိမ်းစွဲလမ်းမှု ပပျောက်စေရေး မိဘပြည်သူ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်။
- ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသို့ အကြံပြုလို၊ တိုင်ကြားလိုပါက ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၃)၊ နေပြည်တော် (သို့မဟုတ်) dpsoffice@moe.edu.mm သို့ ပေးပို့တိုင်ကြားနိုင်ပါသည်။