(၁၅) ကြိမ်မြောက် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု သီတင်းပတ်ဖွင့်ပွဲအခမ်းအနားနှင့် တတိယအကြိမ်မြောက် အာဆီယံ-တရုတ် ပညာရေးဝန်ကြီးများ စကားဝိုင်းဆွေးနွေးပွဲကျင်းပ

 နေပြည်တော် ၂၀၂၂ ဩဂုတ် ၂၃တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ်တွင် ကျင်းပသော  ၂၀၂၂ခုနှစ် (၁၅) ကြိမ် မြောက် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု သီတင်းပတ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် အွန်လိုင်းစနစ်ဖြင့်ကျင်းပရာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ပညာရေးဝန်ကြီးများနှင့် မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်တို့ တက်ရောက်ကြသည်။ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ကွန်မြူနစ်ပါတီ ကွေ့ကျိုးပြည်နယ် အမြဲတမ်းကော်မတီဝင် ကလည်းကောင်း၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ ပညာရေး၊ လူငယ်ရေးရာ၊ အားကစားဝန်ကြီးနှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်တို့ကလည်းကောင်း နှုတ်ခွန်းဆက် စကား ပြောကြားကြကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ်က အဖွင့်မိန့်ခွန်း ပြောကြားသည်။ဆက်လက်၍ တတိယအကြိမ်မြောက် အာဆီယံ-တရုတ် ပညာရေးဝန်ကြီးများ စကားဝိုင်း ဆွေးနွေးပွဲကို နံနက် ၈ နာရီခွဲတွင်ကျင်းပရာ အာဆီယံနိုင်ငံများမှ ပညာရေး ဝန်ကြီးများက အွန်လိုင်းမှ တက်ရောက်ဆွေးနွေးကြသည်။ အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး‌ ဒေါက်တာဇော်မြင့်က လူသားအရင်း အမြစ် အရည်အသွေးမြှင့်တင်ရေး ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးရာ ဆရာအရည်အသွေး၊ ကျောင်းသားအရည်အသွေး၊ စီမံ/ဘဏ္ဍာ ဝန်ထမ်းအရည်အသွေးများ မြှင့်တင်နိုင်မည့် နည်းလမ်း များကိုလည်းကောင်း၊ တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ ကိုလည်းကောင်း ဆွေးနွေးခဲ့ပြီး တရုတ်-အာဆီယံ ပညာရေးဝန်ကြီးများအကြား အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။