ရည်ရွယ်ချက်
- သုတေသနနှင့် နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်များ တောင့်တင်းခိုင်မာ လာစေရေးနှင့် သုတေသနရလဒ်များ စီးပွားဖြစ်မြှင့်တင်ရေးလုပ်ငန်းများ ဆန်းစစ်အကဲဖြတ်ရန်၊
- လယ်ယာကဏ္ဍနှင့် ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ သုတေသနများ ဖွံ့ဖြိုးရေး အတွက် ဆန်းစစ် အကဲဖြတ်တင်ပြရန်၊
- နိုင်ငံတည်ဆောက်ရေး ကဏ္ဍအသီးသီး၏ လိုအပ်ချက်များအလိုက် ဦးစားပေး ရွေးချယ်လျက် သုတေသနဆောင်ရွက်မှုများ ပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေး၊ ကျန်းမာရေး၊ စွမ်းအင်နှင့် စက်မှုလုပ်ငန်းအထောက် အကူပြု သုတေသနလုပ်ငန်းများအား လေ့လာဆန်းစစ် အကဲဖြတ်ရန်၊
- တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းများတွင် နည်းပညာဆိုင်ရာ ကိစ္စများ ဆောင်ရွက်မှုအား လေ့လာဆန်းစစ်အကဲဖြတ်ရန်၊
လုပ်ငန်းတာဝန်
- မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ သိပ္ပံနှင့်နည်းပညာ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု လုပ်ငန်းများအား လေ့လာဆန်းစစ်ဆောင်ရွက်ခြင်း၊
- မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားအဆင့် သိပ္ပံနှင့်နည်းပညာ မူဝါဒများ ချမှတ်ပေးနိုင်ရေး ဆန်းစစ်လေ့လာဆောင်ရွက်ခြင်း၊
- စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေးနှင့် အစာအဟာရဆိုင်ရာ ထုတ်ကုန်များ ထုတ်လုပ်ရေး၊ နည်းပညာမြှင့်တင်ရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊
- ဇီဝပစ္စည်း စက်ရုံများ၏ နည်းပညာ လိုအပ်ချက်များကို ပံ့ပိုးပေးနိုင်ရေး စိစစ်တင်ပြ ဆောင်ရွက်ခြင်း၊
- နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ၊ စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံများတွင် ပြည်တွင်း အရည်အသွေးမီ ဒြပ်ပစ္စည်းများ အသုံးပြုနိုင်ရေး စိစစ်တင်ပြ ဆောင်ရွက်ခြင်း၊
- သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှု နယ်ပယ်မှ ထူးချွန်သော ပညာရှင်များနှင့် ဆန်းသစ်တီထွင်သူများ ပေါ်ထွက်စေရန်၊ မူပိုင်ခွင့်အား အလေးထား ကာကွယ် ပေးရန်နှင့် ထိုက်သင့်သော ကျိုးခံစားခွင့်များရရှိ ဖန်တီးပေးနိုင်ရေးဆောင်ရွက်ခြင်း၊
- သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန် လိုအပ်သော အခြေခံ အဆောက်အဦ၊ Lab ခန်းများ၊ ဝန်ထမ်းအိမ်ယာများ၊ အခြားလိုအပ်သော အဆောက်အဦများ၊ သုတေသနလုပ်ငန်းသုံပစ္စည်းများ၊ ရုံးသုံးလုပ်ငန်းသုံးစက် ပစ္စည်းများနှင့် ပရိဘောဂများ ဖြည့်ဆည်းဆောင်ရွက်ခြင်း၊
- နိုင်ငံတကာ ပညာရေးနှင့် သုတေသနကွန်ယက်များ ချိတ်ဆက်ဆောင်ရွက်ရေး အတွက် အမျိုးသားပညာရေးနှင့် သုတေသနကွန်ယက်တည်ထောင်၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်း၊
ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာအောင်ဆွေထွန်း
တည်နေရာ
ရုံးအမှတ် (၁၃)၊ နေပြည်တော်