၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်(၂၀၁၉-၂၀၂၀ ပညာသင်နှစ်) ကျောင်းသုံးပုံနှိပ်လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သော ကုန်ကြမ်းစက္ကူ ( ၂ )မျိုးဖြစ်သည့် Woodfree Paper (70gsm) နှင့် Art Card (210gsm) ကုန်ကြမ်းပစ္စည်းများဝယ်ယူရေးနှင့် စိစစ်ရေးကော်မတီမှ (၁၁-၁၀-၂၀၁၈) ရက်နေ့တွင် တင်ဒါစျေးနှုန်းစိစစ်ခဲ့ရာ City Master Co.,Ltd တစ်ခုတည်းမှ စျေးနှုန်းအနည်းဆုံးဖြင့် တင်ဒါ အောင်မြင်ပြီး (၂၉-၁၀-၂၀၁၈)ရက်နေ့တွင် စာချုပ်ချုပ်ဆိုခဲ့ပါသည်။ သို့သော်လည်း ကုမ္ပဏီ အနေဖြင့် Performance Bank Guarantee ပေးသွင်းခြင်းအပါအဝင် လုပ်ငန်းစဉ် အဆင့်ဆင့်အား အချိန်မီဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် မူလတင်ဒါအောင်မြင်ထားသည့် ပမာဏများ အစား Woodfree Paper(70gsm) 2000 MT နှင့် Art Card (210gsm) 31"x43" (500 Sht/Pkt) 3000 Ream တို့ကိုသာ ဆက်လက်ဝယ်ယူရန် ဆုံးဖြတ်ခဲ့ပြီး ကျန်စက္ကူများကို တင်ဒါထပ်မံခေါ်ယူရန်(၂၆-၁၁-၂၀၁၈)ရက်နေ့နှင့် (၁၈-၁၂-၂၀၁၈)ရက်နေ့ အစည်းအဝေးများတွင် ဦးစီးကော်မတီမှ ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါသည်။
၂။ ထိုသို့ စည်းမျဉ်းစည်းကမ်းဖောက်ဖျက်ခဲ့မှုကိုလည်း စာချုပ်ပါ စည်းကမ်းများနှင့်အညီ ဆက်လက် အရေးယူဆောင်ရွက်သွားရန် ဖြစ်ပါသည်။
၃။ သို့ဖြစ်ရာ တင်ဒါထပ်မံခေါ်ယူရန် Woodfree Paper (70gsm) 28 ¼ " - 7900 MT, 40" - 1000 MT၊ စုစုပေါင်း 8900 MT နှင့် Art Card (210gsm) 31"x43" (500 Sht/Pkt) - 9500 Ream တို့အတွက် (၁၁-၁၀-၂၀၁၈)ရက်နေ့တွင် တင်ဒါစျေးဆစ်အစည်းအဝေး ကျင်းပစဉ်က နောက်ဆုံးစျေးနှုန်း တင်သွင်းခဲ့သည့် အောက်ပါကုမ္ပဏီများဖြင့် ဆက်လက်တင်ဒါ ခေါ်ယူခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
(က) Deco-Land Co.,Ltd
( ခ ) Best Colour Co.,Ltd
( ဂ ) Intelligent Print Solution Co.,Ltd
(ဃ) Taw Win Myint Mo Co.,Ltd
၄။ အဆိုပါ တင်ဒါအစည်းအဝေးကို မြန်မာနိုင်ငံပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များ အသင်း(ရန်ကုန်တိုင်းဒေသကြီး/မန္တလေးတိုင်းဒေသကြီး)များမှ ကိုယ်စားလှယ်များနှင့် စိတ်ပါ ဝင်စားသူ မည်သူမဆို လာရောက်၍ တက်ရောက်နိုင်ပါကြောင်း ဖိတ်ကြားအပ်ပါသည်။
၅။ အပိုဒ်(၃)ပါတင်ဒါတွင် ဝင်ရောက်ယှဉ်ပြိုင်သူများအနေဖြင့် မူလအောင်မြင်ခဲ့သည့် စျေးနှုန်းများနှင့် သတ်မှတ်ထားသည့်ပစ္စည်းအရည်အသွေးများအတိုင်း ပေးသွင်းရမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
၆။ တင်ဒါအစည်းအဝေးပြုလုပ်မည့် အစီအစဉ်ကို အောက်ပါအတိုင်း ဖြစ်ပါသည် -
အစည်းအဝေးကျင်းပမည့်နေ့ရက် - ( ၃ - ၁ - ၂၀၁၉)(ကြာသပတေးနေ့)
အစည်းအဝေးကျင်းပမည့်အချိန် - (၁၀: ၀၀) နာရီ
အစည်းအဝေးကျင်းပမည့်နေရာ - ပြန်ကြားရေးဝန်ကြီးဌာန၊
ဝန်ကြီးရုံးစုဝေးခန်းမ၊ နေပြည်တော်။
၇။ တင်ဒါဆောင်ရွက်မည့် အခြေအနေနှင့်အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်း ဝ၆၇-၄၁၂၃၇၄ ၊ ဝ၆၇-၄၁၂၃၇၅ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။