ပညာရေးလုပ်ငန်းများ ထိရောက်အောင်မြင်စေရန် ပညာရေးမိသားစုများအချင်းချင်း အပြန်အလှန်လေးစားမှုဖြင့် လက်တွဲဆောင်ရွက်ကြစေလို

နေပြည်တော်၂၀၂၂ ဩဂုတ် ၆

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းသည် အခြေခံပညာဦးစီးဌာနညွှန်ကြား ရေးမှူးချုပ် ဦးကျော်စွာသွင်နှင့်အတူ ယနေ့ နံနက်ပိုင်းတွင်မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်(၂၃) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁)ဘုန်းတော်ကြီးသင်ပညာ‌ရေး အလယ်တန်းကျောင်း(ထခွဲ)များသို့ သွားရောက်ကြည့်ရှု အားပေးသည်။

ကြည့်ရှုအားပေးစဉ် ဒုတိယဝန်ကြီးကကျောင်းသားကျောင်းသူများအနေဖြင့် ကျန်းမာ ရေးဂရုစိုက်၍ ပညာကိုကြိုးစားသင်ယူကြစေလိုကြောင်း၊ ကျောင်းမှန်မှန်တက်၍ကျောင်းစည်း ကမ်းများကို လိုက်နာကြစေလိုကြောင်း၊ ပညာတတ်၍အကျင့်စာရိတ္တကောင်းမွန်သော၊ ယဉ်ကျေးလိမ္မာသော၊ နိုင်ငံချစ်စိတ်မျိုးချစ်စိတ်ပြည့်ဝသော လူတော်လူကောင်းများဖြစ်အောင်ကြိုးစားကြစေလိုကြောင်း၊ မိမိတို့၏တစ်ကိုယ်ရည်သန့်ရှင်းရေးမှအစပြု၍စာသင်ခန်းတွင်း၊ ကျောင်းတွင်းဆိုင်ရာ ပတ်ဝန်းကျင်များသန့်ရှင်းသာယာအောင်ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ဆရာဆရာမများအနေဖြင့်ပညာရေးလုပ်ငန်းများ ထိရောက်အောင်မြင်မှုရှိစေရန် အတွက်ပညာရေးမိသားစုများအချင်းချင်း အပြန်အလှန်လေးစားမှုဖြင့်စည်းလုံးညီညွတ်စွာဖြင့် လက်တွဲဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးပြင်ဆင်ထိန်းသိမ်း ဆောင်ရွက်မှု၊ ကျောင်းတွင်းစိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာရေးကိစ္စရပ်များ၊ ကျောင်း များအတွက်လိုအပ်သည့်ကျောင်းဆောင်များ၊ စာသင်ခန်းများ၊ ကွန်ကရစ်လမ်းများ၊ကျောင်း အုတ်တံတိုင်းများ၊ စာသင်ခုံများ၊ ကျောင်းတွင်းနှင့် ကျောင်းပရဝဏ်စိမ်းလန်းစိုပြည်မှုဆိုင်ရာ လုပ်ငန်းများနှင့် သင်ကြားသင်ယူနေမှုများကိုလှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။