ရည်ရွယ်ချက်
- အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့အစည်းများအကြား နည်းပညာရပ်ဆိုင်ရာ မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်
လုပ်ငန်းတာဝန်
- နိုင်ငံတွင်းနှင့် နိုင်ငံတကာရှိ နည်းပညာရပ်ဆိုင်ရာလုပ်ငန်းများ၊ သုတေသနနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ လုပ်ငန်းများအတွက် ဥပဒေများ၊ မူဝါဒရေးရာများအပေါ် လေ့လာဆန်းစစ်၍လိုအပ်သည့် အကြံပြုချက်များတင်ပြခြင်း၊
- နိုင်ငံတွင်းနှင့် နိုင်ငံတကာရှိ ပူးပေါင်းဆောင်ရွက်နိုင်မည့် သုတေသနနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ အတွက် စီမံကိန်းများ ရေးဆွဲတင်ပြခြင်း၊
- ခေတ်မီနည်းပညာများ ကျယ်ပြန့်စွာ အသုံးပြုနိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ခြင်းနှင့် သုတေသန ချိတ်ဆက် လုပ်ဆောင်ခြင်း၊
- နိုင်ငံအကျိုးပြု သုတေသနလုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု သုတေသနလုပ်ငန်းများ အမှန်တကယ် ပေါ်ထွန်းလာစေရန်နှင့် စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အရည်အသွေးပြည့်ဝသော သုတေသန စမ်းသပ်ပစ္စည်းများ ထုတ်လုပ်ပေးခြင်း၊
- နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် ခေတ်မီလူ့စွမ်းအား အရင်းအမြစ်များနှင့် နည်းပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ ရရှိရေးအတွက် စီစဉ်ဆောင်ရွက်ခြင်း၊
- ပြည်တွင်းနှင့် နိုင်ငံတကာကျွမ်းကျင်ပညာရှင်များ ဖိတ်ခေါ်၍ အလုပ်ရုံ ဆွေးနွေးပွဲများ၊ သင်တန်းများ ကျင်းပပြုလုပ်ခြင်း၊
- ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန်နှင့် နိုင်ငံတော်၏ နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် နည်းပညာဆိုင်ရာ ထောက်ပံ့ရေးဌာန (Technical Support Center) ထူထောင်နိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း၊
- နိုင်ငံတော် စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မရှိမဖြစ်လိုအပ်သော အီလက်ထရောနစ် အုပ်ချုပ်ရေးစနစ် ပီပီပြင်ပြင် အကောင်အထည်ဖော်နိုင်ရေး အတွက် ICT နည်းပညာမြှင့်တင်ခြင်းနှင့် အသုံးချခြင်းတို့အား ပူးပေါင်း ဆောင်ရွက်ခြင်း၊
- အစိုးရဌာနများအကြား၊ ပြည်သူလူထုနှင့်ဌာနများအကြား၊ ဌာနအတွင်း Online မှတစ်ဆင့် သတင်းအချက်အလက်များ အပြန်အလှန် ဖလှယ်နိုင်ရေး အတွက် လိုအပ်သော Infrastructure များ တည်ဆောက်ခြင်းနှင့် နည်းပညာ ပိုင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခြင်း၊
- အီလက်ထရောနစ်နည်းပညာ အသုံးချသိမ်းဆည်းထားသည့် သတင်းအချက် အလက်များ ပျက်စီးခြင်း၊ ပေါက်ကြားခြင်း၊ ပျောက်ဆုံးခြင်း မရှိစေရေးအတွက် လိုအပ်သော လုံခြုံရေးအစီအမံများ ဆောင်ရွက်ခြင်း၊
- ဌာန၏ e-Government စနစ် အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် အထောက်အကူပြု အီလက်ထရောနစ်နည်းပညာ အသုံးချသင်တန်းများ ဖွင့်လှစ် ပို့ချရန် ဆောင်ရွက်ခြင်း၊
- အများပြည်သူနှင့် နိုင်ငံတကာသို့ Web Site မှတစ်ဆင့် ဌာန၏ အသိပေး အကြောင်းကြားလိုသည့် သတင်းအချက်အလက်များကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် အချိန်နှင့်တစ်ပြေးညီ တင်ပြနိုင်ရေး ဆောင်ရွက်ခြင်း၊
ဖွဲ့စည်းပုံ
ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာခင်မောင်လတ်
တည်နေရာ
ရုံးအမှတ် (၂၁)၊ နေပြည်တော်