February 2025

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပညာရေးမှူးများနှင့်တွေ့ဆုံ

နေပြည်တော် ၂၀၂၅ ဖေဖော်ဝါရီ ၂၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပညာရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် တောင်ငူတက္ကသိုလ်နှင့် တောင်ငူပညာရေးဒီဂရီကောလိပ် ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၅ ဖေဖော်ဝါရီ ၂၈
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်နှင့်အတူ တောင်ငူပညာရေး ဒီဂရီကောလိပ်သို့ရောက်ပြီး ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ မိမိတို့ပညာဆည်းပူးခွင့်ရချိန်တွင် သက်ဆိုင်ရာဘာသာရပ်ကို အမှန်တကယ် တတ်မြောက်အောင် သင်ယူလေ့လာရန် မှာကြားသည်။

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းနှင့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် (မူ၊ လယ်၊ ထက်) ဆရာကိုင်စာအုပ်များ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော် ၂၀၂၅ ဖေဖော်ဝါရီ ၂၅
ပညာရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ကာယပညာနှင့်အားကစားနည်းပြ မွမ်းမံသင်တန်း(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော် ၂၀၂၅ ဖေဖော်ဝါရီ ၂၅
ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန ကာယပညာနှင့်အားကစားနည်းပြ မွမ်းမံသင်တန်း (၁/၂၀၂၅)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လယ်ဝေးအားကစား လေ့ကျင့်ရေး စခန်း၌ ကျင်းပသည်။

မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကျင်းပ‌ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၂၅ ဧပြီ ၂၄
မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် မန္တလေးတက္ကသိုလ် သုတေသနစင်တာရှိ အစည်းအဝေးခန်း၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မန္တလေးမြို့ပေါ်ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ၂၀၂၅ ဖေဖော်ဝါရီ ၂၀
အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ (NAQAC) စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ပညာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးနှင့် ဆက်စပ်ဝန်ကြီးဌာနကိုးခုမှ ကော်မတီဝင်များ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ပုသိမ်မြို့မှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံဆွေးနွေး

ရန်ကုန် ၂၀၂၅ ဖေဖော်ဝါရီ ၂၀
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာညွန့်ဖေသည် ဧရာ၀တီတိုင်းဒေသကြီး လူမှုရေးရာ၀န်ကြီး၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ရတနာတန်ဆောင်ခန်းမ၌ တိုင်းဒေသကြီးပညာရေးမှူး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ပုသိမ်မြို့ပေါ်ရှိ အလယ်တန်း၊ အထက်တန်း ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံသည်။

ဧရာဝတီတိုင်းဒေသကြီး မြို့နယ်(၂၆) မြို့နယ်၌ စဉ်ဆက်ပညာရေး လုပ်ငန်းဆောင်ရွက်

နေပြည်တော် ၂၀၂၅ ဖေ‌ဖော်ဝါရီ ၁၉
ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် မြို့နယ်၂၆ မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းဖွင့်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ရှိ မြို့တော် ခန်းမ၌ ကျင်းပသည်။

မကြာမီ အတန်းတင်စာမေးပွဲများနှင့် တက္ကသိုလ်ဝင်စာမေးပွဲများ ကျင်းပတော့မည်

နေပြည်တော် ၂၀၂၅ ဖေဖော်ဝါရီ ၁၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တက္ကသိုလ်ပါမောက္ခချုပ် များ၊ ပါမောက္ခများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့် ရန်ကုန်တက္ကသိုလ်နှင့် ရန်ကင်းပညာရေးဒီဂရီကောလိပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

ရန်ကုန် ၂၀၂၅ ဖေဖော်ဝါရီ ၁၆
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့နံနက်ပိုင်းက ရန်ကင်း ပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။

Pages