January 2025

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် မန္တလေးတက္ကသိုလ်၊ မန္တလေးအဝေးသင် တက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်များ ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၅ ဇန်နဝါရီ ၂၇
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ လမ်း ၈၀ နှင့် ၃၅ လမ်းထောင့်ရှိ ပညာရေးစီမံအုပ်ချုပ်မှုသင်တန်းကျောင်း (မန္တလေး)ကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရန်ကုန်မြို့ရှိ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများကို ကြည့်ရှုစစ်ဆေး

ရန်ကုန် ၂၀၂၅ ဇန်နဝါရီ ၂၃
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အဆင့်မြင့်ပညာဦးစီးဌာနမှ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒဂုံတက္ကသိုလ်၌ ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲနှင့် သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ၂၀၂၅ ဇန်နဝါရီ ၂၂
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲနှင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့်သင် ဆရာ ဆရာမများအတွက် ဆရာများတတ်ကျွမ်းမှု စံသတ်မှတ်ချက်အညွှန်းဘောင်ဆိုင်ရာ အရည်အသွေးမြှင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ၂၀၂၅ ဇန်နဝါရီ ၂၂
၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့်သင် ဆရာ ဆရာမများအတွက် ဆရာများ တတ်ကျွမ်းမှုစံသတ်မှတ်ချက် အညွှန်းဘောင်ဆိုင်ရာ အရည်အသွေးမြှင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် ရှစ်မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း ဂုဏ်ပြုပွဲကျင်းပ

နေပြည်တော် ၂၀၂၅ ဇန်နဝါရီ ၂၀
ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ရှစ်မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

အခြေခံပညာမူလတန်းနှင့် အလယ်တန်းဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ဂုဏ်ပြုဆုချီးမြှင့်

နေပြည်တော် ၂၀၂၅ ဇန်နဝါရီ ၁၆
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်) ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၆)အခြေခံပညာအထက်တန်း ကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။

ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့် မြောင်းမြပညာရေးဒီဂရီကောလိပ်၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်နှင့် ပုသိမ်တက္ကသိုလ်တို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၁၅
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြောင်းမြမြို့ မြောင်းမြပညာရေးဒီဂရီကောလိပ်သို့ရောက်ရှိပြီး ဆရာ ဆရာမ များ၏ သင်ပြနည်းစနစ်များ၊ ကျောင်းသား ကျောင်းသူများ၏ တန်းပြလေ့ကျင့်နေမှုများကို ကြည့်ရှု အား‌ပေးသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ကယားပြည်နယ်အတွင်းရှိ လွိုင်ကော်တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းသွားရောက်ဖြည့်ဆည်းဆောင်ရွက်

နေပြည်တော် ၂၀၂၅ ဇန်နဝါရီ ၁၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့ မွန်းလွဲပိုင်းတွင် ကယားပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစိန်ဦး၊ တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်တက္ကသိုလ် ပင်မဆောင်ပြန်လည်ပြုပြင်ရန် လိုအပ်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

နိုင်ငံအကျိုး လက်ဆင့်ကမ်းသယ်ပိုးဆောင်ရွက်မည့် မျိုးဆက်သစ်များ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိစေရေး လေ့ကျင့်ပျိုးထောင်ပေး

နေပြည်တော် ၂၀၂၅ ဇန်နဝါရီ ၁၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံသည်။

ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံ(၂၀၂၅) စာတမ်းဖတ်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော် ၂၀၂၅ ဇန်နဝါရီ ၁၀
ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံ(၂၀၂၅)ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဇန်နဝါရီ ၉ ရက်မှ ၁၀ ရက်အထိ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့်‌ ဒေါက်တာမိုးဇော်ထွန်း၊ တာဝန်ရှိသူများနှင့်အတူ စာတမ်းဖတ်ပွဲကျင်းပနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။

Pages