November 2024

ယခုပညာသင်နှစ်မှ စတင်၍ တက္ကသိုလ်၊ ဒီဂရီကောလိပ် ပထမနှစ်ကျောင်းသား ကျောင်းသူများထဲမှ တက္ကသိုလ် လူရည်ချွန်များ ရွေးချယ်မွေးထုတ်သွားမည်

နေပြည်တော် ၂၀၂၄ နိုဝင်ဘာ ၂၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တက္ကသိုလ် ပါမောက္ခချုပ်များနှင့် ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများကို ယနေ့ နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် သင်ကြားသင်ယူမှုဆိုင်ရာအရည်အသွေးများ တိုးတက်ကောင်းမွန်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

နေပြည်တော်၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

နေပြည်တော် ၂၀၂၄ နိုဝင်ဘာ ၂၅
၂၀၂၄ ခုနှစ် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်များနှင့်တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထျန်ကျင်းမြို့၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာဆိုင်ရာပညာရေး ဖွံ့ဖြိုးတိုးတက်ရေးညီလာခံ တက်ရောက်

နေပြည်တော် ၂၀၂၄ နိုဝင်ဘာ ၂၃
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထျန်ကျင်းမြို့၌ နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပသည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာဆိုင်ရာပညာရေးဖွံ့ဖြိုးတိုးတက်ရေးညီလာခံ (2024 World Vocational and Technical Education Development Conference)သို့ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းနှင့်အတူ တက်ရောက်ခဲ့သည်။

အရှေ့တောင်အာရှ မူလတန်းပညာသင်ယူတတ်မြောက်မှု တိုင်းတာစစ်ဆေးရေးစံ စစ်ဆေးအကဲဖြတ်ခြင်းသုတေသနလုပ်ငန်း၏ ပင်မစစ်ဆေးခြင်း စတင်ဆောင်ရွက်ခြင်းဖွင့်ပွဲ

နေပြည်တော် ၂၀၂၄ နိုဝင်ဘာ ၂၃
အရှေ့တောင်အာရှ မူလတန်းပညာ သင်ယူတတ်မြောက်မှု တိုင်းတာစစ်ဆေးရေးစံ “Southeast Asia Primary Learning Metrics (SEA-PLM)”-2024 စစ်ဆေးအကဲဖြတ်ခြင်း သုတေသနလုပ်ငန်း၏ ပင်မစစ်ဆေးခြင်း (Main Survey) စတင်ဆောင်ရွက်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

Naypyitaw State Academy တွင် အားကစားပညာမဟာဌာနနှင့် လူမှုရေးပညာ မဟာဌာန ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ၂၀၂၄ နိုဝင်ဘာ ၂၂
Naypyitaw State Academy တွင် အားကစားပညာမဟာဌာနနှင့် လူမှုရေးပညာမဟာဌာန ဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ စာသင်ဆောင်ရှေ့တွင် ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ Naypyitaw State Academy နှင့် အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၄ နိုဝင်ဘာ ၂၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy နှင့် အမှတ်(၁၁)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

၂၀၂၄ခုနှစ် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ၂၀၂၄ နိုဝင်ဘာ ၁၉
(၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပရေး ဗဟိုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီမှ အမျိုးသားအောင်ပွဲနေ့ကျင်းပရေး ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီ ဒုတိယအကြိမ်အစည်းအဝေး ကျင်းပ

နေပြည်တော် ၂၀၂၄ နိုဝင်ဘာ ၁၄
မြန်မာစာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီအစည်းအဝေးကို ယနေ့နံနက်၉နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Pages