October 2024

အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ (NAQAC) ဒုတိယအကြိမ် အစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၂၄ အောက်တိုဘာ ၃၁
အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ (NAQAC) ဒုတိယအကြိမ်အစည်းအဝေးကို ယ‌နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၄ အောက်တိုဘာ ၂၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် တောင်ကြီးတက္ကသိုလ်သို့ ရောက်ရှိပြီး အဝေးသင်တက္ကသိုလ် ဒုတိယအသုတ် ဝိဇ္ဇာတွဲဘာသာရပ် စာမေးပွဲများဖြေဆိုနေမှုကို ကြည့်ရှုအားပေးကာ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် တွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၄ အောက်တိုဘာ ၂၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တာ၀န်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သည့် ကလောမြို့နယ် အမှတ် (၁) အခြေခံပညာ ကျောင်းသို့ရောက်ရှိသည်။

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် မော်လမြိုင်တက္ကသိုလ်နှင့် မော်လမြိုင် ပညာရေးဒီဂရီကောလိပ် ကြည့်ရှုစစ်ဆေး

ရန်ကုန် ၂၀၂၄ အောက်တိုဘာ ၂၇
ပညာရေး၀န်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ‌ဇော်မြင့်၊ မွန်ပြည်နယ် လူမှုရေးရာ၀န်ကြီး ဦးစောကြည်နိုင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်သို့ ရောက်ရှိပြီး အဝေးသင်တက္ကသိုလ် ဒုတိယအသုတ် ဝိဇ္ဇာတွဲဘာသာရပ် စာမေးပွဲများဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တက္ကသိုလ်ပင်မဆောင် အစည်းအဝေးခန်း၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့်တွေ့ဆုံသည်။

နေပြည်တော်ကောင်စီနယ်မြေ Naypyitaw State Academy ပညာ့ရိပ်သာအိမ်ရာ ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်၂၀၂၄ အောက်တိုဘာ ၂၄
နေပြည်တော်ကောင်စီနယ်မြေ Naypyitaw State Academy ပညာ့ရိပ်သာအိမ်ရာ တည်ဆောက်ရေး ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပညာ့ ရိပ်သာအိမ်ရာဝန်း တည်ဆောက်မည့်နေရာ၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ပဲခူးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့အတွင်းရှိ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာအထက်တန်းကျောင်းများ ကြည့်ရှုစစ်ဆေး

ရန်ကုန် ၂၀၂၄ အောက်တိုဘာ ၁၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လှည်းကူးပညာရေးဒီဂရီကောလိပ်ကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဆရာ ဆရာမများနှင့် တွေ့ဆုံကာ သင်ကြားရေး ဆရာ ဆရာမများနှင့် ဓာတ်ခွဲခန်းကျွမ်းကျင် ဝန်ထမ်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် လှည်းကူးပညာရေး ဒီဂရီကောလိပ်တိုးတက်ရေး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား၍ တင်ပြချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ် မြို့နယ်ငါးမြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ၂၀၂၄ အောက်တိုဘာ ၉
ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် မြို့နယ်ငါးမြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဧရာဝတီတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများနှင့် ပုသိမ်တက္ကသိုလ် ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၄ အောက်တိုဘာ ၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် အိမ်မဲမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး အဆိုပါကျောင်း၌ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်များ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ကျောက်ဆည်တက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ မန္တလာတက္ကသိုလ်နှင့် မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်တို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၄ အောက်တိုဘာ ၇
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်တက္ကသိုလ်၌ ၂၀၂၄ ခုနှစ် အဝေးသင်တက္ကသိုလ် ပထမအသုတ် သိပ္ပံသင်တန်းသားများ အေးချမ်းစွာစာမေးပွဲဖြေဆိုနေမှုကိုလည်းကောင်း၊ ရတနာပုံတက္ကသိုလ်၌ အဝေးသင်ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး တက္ကသိုလ် သန့်ရှင်းသာယာရေးနှင့် သက်သာချောင်ချိရေး ဆောင်ရွက်ပေးမှုအခြေအနေကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

နေပြည်တော် ၂၀၂၄ အောက်တိုဘာ ၅
၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

Pages