August 2024

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ဒဂုံတက္ကသိုလ်၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှု ကြည့်ရှုအားပေး

ရန်ကုန် ၂၀၂၄ ဩဂုတ် ၁၆
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ ဒဂုံတက္ကသိုလ် အင်္ဂလိပ်စာဌာနသို့ရောက်ရှိကာ အေးချမ်းစွာ ပညာသင်ယူနေကြသည့် ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

စာမေးပွဲဆိုင်ရာလုပ်ငန်းများကို စာမေးပွဲလုပ်ထုံးလုပ်နည်းများနှင့်အညီ အလေးထား၍ စနစ်တကျ ဆောင်ရွက်ကြရမည်

နေပြည်တော် ၂၀၂၄ သြဂုတ် ၁၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား ကျောင်းသူများ နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပလေ့လာရေးခရီးစဉ် လှည့်လည်လေ့လာ

နေပြည်တော် ၂၀၂၄ ဩဂုတ် ၁၂
၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲအလိုက် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ၃၀ နှင့် အုပ်ချုပ်သူများကို နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပလေ့လာရေးခရီးစဉ် စေလွှတ်ခဲ့ရာ ယမန်နေ့နံနက်ပိုင်းက ထိုင်းနိုင်ငံမှ လေကြောင်းခရီးဖြင့် စင်ကာပူနိုင်ငံသို့ ရောက်ရှိပြီး စင်ကာပူနိုင်ငံ သံရုံးယာယီတာဝန်ခံ ဦးဇော်ဇော်စိုး၊ သံမှူးကြီး ဒေါ်စံရာရွှေကိုးနှင့် သံရုံးဝန်ထမ်းများက ချန်ဂီလေဆိပ်၌ ကြိုဆိုကြသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား ကျောင်းသူများ နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပလေ့လာရေးခရီးစဉ်များ လှည့်လည်လေ့လာ

နေပြည်တော် ၂၀၂၄ ဩဂုတ် ၁၀
၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲအလိုက် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူ ၃၀ နှင့် အုပ်ချုပ်သူများကို နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပလေ့လာရေးခရီးစဉ် စေလွှတ်ခဲ့ရာ ဩဂုတ် ၈ ရက် နံနက်ပိုင်းက MAI လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ ထွက်ခွာခဲ့ရာ သုဝဏ္ဏဘူမိလေဆိပ်၌ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုကြသည်။

Pages