သတင်းများ

Thursday, March 17, 2016 - 00:00

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနနှင့် အရှေ့တောင်အာရှ ပညာ ရေးဝန်ကြီးများအဖွဲ့၊ ဒေသဆိုင်ရာ သမိုင်းနှင့်ရိုးရာဓလေ့ဌာန(SEAMEO RIHED)တို့ ပူးပေါင်း၍ ပညာရပ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီက ရန်ကုန်မြို့ရှိ တက္ကသိုလ်စိန်ရတု အစည်းအဝေးခန်းမ၌် ကျင်းပသည်။

Monday, March 14, 2016 - 00:00

ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ တက္ကသိုလ်စိန်ရတုခန်းမ၌ ကျင်းပသည်။

Monday, March 14, 2016 - 00:00

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနနှင့် ဟီရိုရှီးမားတက္ကသိုလ်တို့ အကြား ပညာရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးပွဲကို ယနေ့ညနေပိုင်းက အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံး) အစည်းအဝေးခန်းမ ၌ ကျင်းပသည်။

Saturday, March 12, 2016 - 00:00

တက္ကသိုလ်ကောလိပ်ဆရာ/ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီတွင် ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)၌ ကျင်းပရာ အမျိုးသားပညာရေးကော်မတီဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီ တက်ရောက် အမှာစကား ပြောကြားသည်။

Wednesday, March 9, 2016 - 00:00

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂၀၁၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့မှ စတင်ကျင်းပ လျက်ရှိရာ နိုင်ငံခြားစာစစ်ဌာန ၁၆ခု၊ ပြည်တွင်းစာစစ်ဌာန ၁၄၅၁ခု စုစုပေါင်းစာစစ်ဌာန ၁၄၆၇ ဌာနတွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသောကျောင်းသားကျောင်းသူ ခြောက်သိန်းကျော်ရှိသည်။

Thursday, March 3, 2016 - 00:00

နည်းပညာနှင့် သက်မွေးပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းမှ ပညာရေးဝန်ကြီးဌာနသို့ သင်ထောက်ကူပစ္စည်းများ ပေးအပ်ပွဲကို ယနေ့ နံနက် ၉နာရီက ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်း(ရွာမ)တွင် ကျင်းပရာ ပညာရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန်၊ ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နည်းပညာနှင့် သက်မွေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ၊ တရုတ်-မြန်မာချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Wednesday, February 24, 2016 - 00:00

အဆင့်မြင့်ပညာရေးကဏ္ဍ သင်ကြားရေးနည်း စနစ် ခေါင်းစဉ်ဖြင့် ယနေ့ နံနက် ၁၀က အလုပ်ရုံ ဆွေးနွေးပွဲကို ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hubတွင် ကျင်းပရာ အဆိုပါ တက္ကသိုလ်မှ ပါမောက္ခ ဌာနမှူးများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

Monday, February 15, 2016 - 00:00

တက္ကသိုလ် ကောလိပ် ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၂၄) ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ဗဟို ၀န်ထမ်းတက္ကသိုလ်(ဖောင်ကြီး) ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန် အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူ တက်ရောက် အမှာစကားပြောကြားသည်။

Thursday, February 11, 2016 - 15:59

(၆၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်ပညာ ရေးတက္ကသိုလ် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် အတန်းသာယာရေး ကော်မတီအလိုက် ထမနဲထိုးပြိုင်ပွဲကို ယနေ့ နံနက်(၈)နာရီက ရန်ကုန်မြို့ ရန်ကုန်ပညာရေး တက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပသည်။

Monday, February 8, 2016 - 16:00

၂၀၁၆ ခုနှစ် အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှု ဗဟိုအဆင့်နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက လမ်းမတော် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စွမ်းအားခန်းမ၌ ကျင်းပရာ အခြေခံပညာဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ပညာ) ဒေါက်တာဇော်ဝင်းက အမှာစကားပြောကြားသည်။

Pages