သတင်းများ

30/12/2021 - 00:00

နေပြည်တော် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀

တက္ကသိုလ်များ ဖွင့်လှစ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉:၃၀ နာရီတွင်နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် အမြဲတမ်းအတွင်းဝန်၊ အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်(၄၉)ဦးက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

27/12/2021 - 00:00

ရန်ကုန် ၂၀၂၁ ဒီဇင်ဘာ ၂၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်ရှိ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်၊ ရုက္ခဗေဒဌာနနှင့် သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဗဟိုဌာနတို့တွင် ကျင်းပလျက်ရှိသည့် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ (၂၁)ကြိမ်မြောက် သုတေသန ညီလာခံ စာတမ်းဖတ်ပွဲများကို လှည့်လှည်ကြည့်ရှုသည်။

23/12/2021 - 00:00

ရန်ကုန် ၂၀၂၁ ဒီဇင်ဘာ ၂၃
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန၊ ဓာတုဗေဒဌာန၊ သတ္တဗေဒဌာန၊ ရုက္ခဗေဒဌာနရှိ စာသင်ခန်းများ၊ သိပ္ပံလက်တွေ့ခန်းများ၊ သုတေသန ဓာတ်ခွဲခန်းများ၊ စာကြည့်တိုက်များကို လှည့်လည်ကြည့်ရှုသည်။

17/12/2021 - 00:00

စစ်တွေ ၂၀၂၁ ဒီဇင်ဘာ ၁၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရခိုင်ပြည်နယ် ပညာရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာ ၁၇ ရက် နံနက် ၁၁နာရီခွဲတွင် သံတွဲမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးသည်။

11/12/2021 - 00:00

စစ်တွေ ၂၀၂၁ ဒီဇင်ဘာ ၁၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၀ ရက် ညနေ ၃ နာရီတွင် စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ စီမံဝန်ထမ်းများနှင့် တွေ့ဆုံသည်။

06/12/2021 - 23:29

နေပြည်တော် ၂၀၂၁ ‌ဒီဇင်ဘာ၆

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) National Education Strategic Plan-NESP (2021-2030) မူကြမ်းကို သက်ဆိုင်ရာကဏ္ဍများအလိုက် အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာတို့ဖြင့် ပြုစုလျက်ရှိရာ အဆိုပါစီမံကိန်းမူကြမ်း စိစစ်ရေးအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေး ဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ကျင်းပသည်။

04/12/2021 - 00:00

ရန်ကုန် ‌၂၀၂၁ ဒီဇင်ဘာ ၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့မွန်းလွဲပိုင်း တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများနှင့် တွေ့ဆုံသည်။

28/11/2021 - 19:08

နေပြည်တော် ၂၀၂၁ နိုဝင်ဘာ ၂၈
၂၀၂၁ ခုနှစ် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနား ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီကျင်းပသည်။

24/11/2021 - 19:56

နေပြည်တော် ၂၀၂၁ နိုဝင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေတို့ရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀:၃၀နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရုံးအမှတ်(၁၃)၊ အစည်းအဝေး ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

11/11/2021 - 22:22

နေပြည်တော် နိုဝင်ဘာ ၁၁

တောင်ငူတက္ကသိုလ်နှင့်တောင်ငူပညာရေးဒီဂရီကောလိပ်တို့၌ အသစ်ခန့်အပ် သောတက္ကသိုလ်နည်းပြ၊ သရုပ်ပြဆရာဆရာမသစ်လွင်များ၊ အခြေခံပညာ ဆရာ ဆရာမ သစ်လွင်များနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်နှင့် ပညာ‌ရေးဒီဂရီကောလိပ်ရှိ ဘွဲ့နှင်းသဘင်ခန်းမနှင့် မြတ်ပညာ ခန်းမတွင်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ တက်ရောက်၍အဖွင့် အမှာစကား ပြောကြားသည်။

Pages