သတင်းများ

Thursday, November 3, 2016 - 00:00

ရန်ကုန် ၂၀၁၆ အောက်တိုဘာ ၃၁
မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ဆုနှင့် ဆယ့်ခြောက်ကြိမ်မြောက် သုတေသနအကောင်းဆုံးစာတမ်း ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်သည်။

Wednesday, November 2, 2016 - 00:00

ရန်ကုန် ၂၀၁၆ အောက်တိုဘာ ၂၇
မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင် အမှုဆောင်အဖွဲ့မှကြီးမှူးကျင်းပသည့် (၁၆)ကြိမ်မြောက် သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားသည်။

Tuesday, November 1, 2016 - 00:00

အောက်တိုဘာ ၂၀၁၆ ရန်ကုန် ၃၁
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)ကျောင်းသို့ ရောက်ရှိသည်။

Monday, October 24, 2016 - 00:00

တောင်ငူ ၂၀၁၆ အောက်တိုဘာ ၅
တောင်ငူတက္ကသိုလ်တွင် “ကမ္ဘာ့ဆရာများနေ့” အခမ်းအနားကို ၅-၁၀-၂၀၁၆ နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ စီမံသင်တန်းဌာနမှ ဌာနမှူးများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

Tuesday, October 18, 2016 - 00:00

ရန်ကုန် ၂၀၁၆ အောက်တိုဘာ ၁၈
၂၀၁၆-၂၀၁၇ ပညာသင်နှစ် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် စာမေးပွဲဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း(စမ်းချောင်း)၌ကျင်းပရာ အကြံပေးပညာရှင် ဦးသန်းဦးက အဖွင့်အမှာစကားပြောကြားသည်။

Monday, October 17, 2016 - 00:00

ရန်ကုန် ၂၀၁၆ အောက်တိုဘာ ၁၇
၂၀၁၆-၂၀၁၇ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့ညနေ ၃နာရီက ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(စမ်းချောင်း)၌ ကျင်းပရာ ပညာရေး၀န်ကြီးဌာနပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားသည်။

Monday, October 17, 2016 - 00:00

ရန်ကုန် ၂၀၁၆ အောက်တိုဘာ ၁၇
အမျိုးသားပညာရေးမူ၀ါဒကော်မရှင် အစည်းအဝေး(၁/၂၀၁၆)ကို ယနေ့နံနက် ၁၀ နာရီ ခွဲတွင် ရန်ကုန်မြို့ပြည်လမ်းရှိအမျိုးသားပညာရေး မူ၀ါဒကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပလျက်ရှိရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်ဆွေးနွေးသည်။

Saturday, October 15, 2016 - 00:00

ရန်ကုန် ၂၀၁၆ အောက်တိုဘာ ၁၅
၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ပညာ ရေး ၀န်ထမ်းမိသားစု၀င်သား၊ သမီးများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင်ရန်ကုန်မြို့ တက္ကသိုလ်စိန်ရတုခန်းမ၌ ကျင်းပရာ ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားသည်။

Thursday, October 13, 2016 - 20:41

ရန်ကုန် အောက်တိုဘာ ၁၃

အမျိုးသား ပညာရေးမူဝါဒကော်မရှင် အစည်းအဝေး (၁/၂ဝ၁၆)ကို အောက်တိုဘာ ၁ဝ ရက် နံနက် ၁၁ နာရီခွဲက ရန်ကုန်မြို့ ပြည်လမ်းရှိ အမျိုးသားပညာရေးမူဝါဒကော်မရှင် ရုံး အစည်းအဝေးခန်းမ၌ စတင် ကျင်းပသည်။

Monday, October 10, 2016 - 19:45

ရန်ကုန် အောက်တိုဘာ ၁ဝ

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁ဝ နာရီက အဆင့် မြင့်ပညာဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

Pages