သတင်းများ

Tuesday, January 3, 2017 - 00:00

ဗန်းမော် ၂၀၁၆ ဒီဇင်ဘာ ၂၉
ကချင်ပြည်နယ် ဗန်းမော်မြို့ ဗန်းမော်တက္ကသိုလ်၏ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် နှစ်သစ်ဦးအကြို (Seminars In Honour of The New Year 2017) စာတမ်းဖတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက်က ကျင်းပသည်။

Tuesday, January 3, 2017 - 00:00

ရန်ကုန် ၂၀၁၆ ဒီဇင်ဘာ ၃၀
၂၀၁၅-၂၀၁၆ နှစ်လည်မဂ္ဂဇင်း စာမူရှင်ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီခွဲက ရန်ကုန်မြို့ ပြည်လမ်းရှိ ရန်ကုန်ပညာရေး တက္ကသိုလ် Learning Hub ခန်းမ၌ကျင်းပသည်။

Monday, January 2, 2017 - 00:00

နေပြည်တော် ၂၀၁၆ ဒီဇင်ဘာ ၂၉
ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနက ကြီးမှူးကျင်းပသော ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ စာစစ်ဌာန ကြီးကြပ်ရေးမှူး များ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက် ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်း ချက်များဆိုင်ရာ ဆွေးနွေးပွဲ/သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အမှာစကားပြောကြားသည်။

Monday, January 2, 2017 - 00:00

ရန်ကုန် ၂၀၁၆ ဒီဇင်ဘာ ၂၉
မြန်မာကင်းထောက်အမျိုးသမီးအဖွဲ့နှင့် ဂျပန်ကင်းထောက် အမျိုးသမီးအဖွဲ့တို့ ပူးပေါင်း၍ စတုတ္ထအကြိမ် အပြည်ပြည်ဆိုင်ရာ စခန်းချသင်တန်း (Fourth International Camp For MMGG and GSJ ) သို့ ယနေ့ ညနေပိုင်းတွင် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့သည် သင်တန်းတက်ရောက် လျက်ရှိသည့် ဂျပန်-မြန်မာ အမျိုးသမီးကင်းထောက်များကို လာရောက် တွေ့ဆုံအားပေးစကားပြောကြားသည်။

Monday, January 2, 2017 - 00:00

ရန်ကုန် ၂၀၁၆ ဒီဇင်ဘာ ၂၉
တတိယအကြိမ် ပညာတန်ဆောင်နှင့် တော်ဝင်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတို့ ပူး ပေါင်းဆောင်ရွက်ချီးမြှင့်သည့် ထူးချွန်ဆရာဆုဗဟိုအဆင့် ဆုနှင်းသဘင် အခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်၌ ကျင်းပခဲ့သည်။

Friday, December 30, 2016 - 00:00

ရန်ကုန် ၂၀၁၆ ဒီဇင်ဘာ ၂၈
၂၀၁၆-၂၀၁၇ ပညာသင်နှစ်အခြေခံပညာမူလတန်းနှင့်အလယ်တန်းအဆင့်အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်) ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေ(၃)နာရီတွင်အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း (အလုံ)ရှိ သီရိရတနာခန်းမ၌ ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာ စကားပြောကြားသည်။

Monday, December 26, 2016 - 00:00

ရန်ကုန် ၂၀၁၆ ဒီဇင်ဘာ ၂၃
၂၀၁၆ ခုနှစ် ပညာတန်ဆောင် စာပေပြိုင်ပွဲ ဆုနှင်းသဘင်အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီ တွင် ရန်ကုန်မြို့ ရန်ကင်းပညာရေးကောလိပ်ရှိ မြတ်ပညာခန်းမ၌ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကားပြောကြားသည်။

Monday, December 26, 2016 - 00:00

ရန်ကုန် ၂၀၁၆ ဒီဇင်ဘာ ၂၃
ရန်ကုန်တက္ကသိုလ် (ပင်မ) ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ကောင်စီခန်းမ၌ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကားပြောကြားသည်။

Friday, December 23, 2016 - 00:00

ရန်ကုန် ၂၀၁၆ ဒီဇင်ဘာ ၂၂
ရန်ကုန် တက္ကသိုလ် မြန်မာစာဌာန ၇၅ နှစ်ပြည့် အထိမ်းအမှတ် စိန်ရတုသဘင်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ကျင်းပရာ နိုင်ငံတော်သမ္မတဦးထင်ကျော် တက်ရောက်အားပေးချီးမြှင့်ပြီး အမှာစကားပြောကြားသည်။

Tuesday, December 20, 2016 - 00:00

ရန်ကုန် ၂၀၁၆ ဒီဇင်ဘာ ၁၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် (၈)နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့အုပ်ချုပ်မှုသင်တန်းကျောင်း၌ ဖွင့်လှစ်သည့်အခြေခံပညာ ဦးစီးဌာန အမှတ်စဉ်(၆/၂၀၁၆)စာရေး(၃)နှင့်အဆင့်တူဝန်ထမ်းမွမ်းမံ သင်တန်းသို့ သင်ခန်းစာဆွေးနွေး ပို့ချသည်။

Pages