သတင်းများ

Wednesday, January 25, 2017 - 00:00

နေပြည်တော် ၂၀၁၇ ဇန်န၀ါရီ ၂၄
တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်တို့မှကျောင်းသား၊ ကျောင်းသူများ၏ ဗဟိုအဆင့် အင်္ဂလိပ်ဘာသာစွမ်းရည်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့တက်ရောက်အားပေး ချီးမြှင့်သည်။

Monday, January 23, 2017 - 00:00

ရန်ကုန် ၂၀၁၇ ဇန်န၀ါရီ ၂၁
အခြေခံပညာ မြန်မာစာစွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်)ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ်စိန်ရတုခန်းမ၌ ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားသည်။

Monday, January 23, 2017 - 00:00

ရန်ကုန် ၂၀၁၇ ဇန်န၀ါရီ ၂၀
မူလတန်းသင်ရိုးသစ် မိတ်ဆက်ခြင်းဆိုင်ရာ ကြီးကြပ်သူများဆွေးနွေးပွဲကို ယနေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့အုပ်ချုပ်မှုသင်တန်းကျောင်း၌ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကားပြောကြားသည်။

Friday, January 20, 2017 - 00:00

ရန်ကုန် ၂၀၁၇ ဇန်နဝါရီ ၁၈
အမျိုးသားပညာရေးဥပဒေ (၂၀၁၅)ခုနှစ် အခန်း(၄)၊ ပုဒ်မ၆(ခ)ပါ “အမျိုးသားပညာရေးရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လိုအပ်သောအမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၊ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုအကဲဖြတ်ရေးကော်မတီ၊ ပုဒ်မ၂၇အရ ဖွဲ့စည်းသောကော်မတီ၊ အခြားလိုအပ်သော ကော်မတီ၊ ကောင်စီနှင့်အဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း” ဟူသောပြဋ္ဌဌာန်းချက်များအရ အမျိုးသားပညာရေးမူဝါဒကော်မရှင်သည် ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက်တွင် အမျိုးသားပညာရေးအဆင့်အတန်းနှင့်အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီကို ဖွဲ့စည်းပြီးဖြစ်ပါသည်။

Thursday, January 12, 2017 - 00:00

နေပြည်တော် ၂၀၁၇ ဇန်နဝါရီ ၁၁
ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံသက်မွေးပညာနှင့် လေ့ကျင့်ရေးဆိုင်ရာ ကိုရီးယားသုတေသနအဖွဲ့ (Korea Research Institute for Vocational Edu- cation and Training-KRIVET) တို့ပူးပေါင်းပြီး အရှေ့အာရှထိပ်သီးအစည်းအဝေးဆိုင်ရာ နည်းပညာနှင့်သက်မွေး ပညာရေး လေ့ကျင့်သင်ကြားမှု၏ တီထွင်ဆန်းသစ်သည့်အကြံဉာဏ်များ ပြန်လည်မျှဝေဖလှယ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Technical and Vocational Education and Training-TVET Innovative Outreach Knowledge Sharing Program) ကို ဇန်နဝါရီ ၁ဝ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ပညာရေးဝန်ကြီးဌာန စုဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။

Monday, January 9, 2017 - 00:00

ရန်ကုန် ၂၀၁၇ ဇန်နဝါရီ ၈
၂၀၁၆-၂၀၁၇ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲ စာစစ်ဌာန ကြီးကြပ်ရေးမှူး၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲသင်တန်းကို ယနေ့ညနေပိုင်းက အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း (အလုံ)ရှိ သီရိရတနာခန်းမ၌ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

Monday, January 9, 2017 - 00:00

ရန်ကုန် ၂၀၁၇ ဇန်န၀ါရီ ၇
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ဇန်န၀ါရီ(၇)ရက် နံနက်(၉)နာရီခွဲတွင် တာ၀န်ရှိသူများလိုက်ပါ၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး သံတွဲမြို့နယ်မှ ပညာရေး၀န်ထမ်းမိသားစုများနှင့် တွေ့ဆုံသည်။

Monday, January 9, 2017 - 00:00

နေပြည်တော် ၂၀၁၇ ဇန်န၀ါရီ ၈
ရခိုင်ပြည်နယ် ဂွ၊ သံတွဲ၊ ရမ်းဗြဲ၊ မာန်အောင်၊ ကျောက်ဖြူ၊ အမ်းနှင့် တောင်ကုတ် စသည့် ဒေသတစ်၀န်းမှ ပညာသင်ကြားလိုသူများအတွက် အခွင့်အလမ်း ပွင့်လန်းစေမည့် တောင်ကုတ်ဒီဂရီကောလိပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက်၍ ဖွင့်လှစ်ပေးသည်။

Monday, January 9, 2017 - 00:00

နေပြည်တော် ၂၀၁၇ ဇန်နဝါရီ ၅
တရုတ်-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ ဆောက်လုပ်လှူဒါန်းသည့် အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်း စာသင်ဆောင်၊ အားကစား ရုံဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွှဲပြောင်း အပ်နှံခြင်း အခမ်းအနားကို ယနေ့နံနက် ၁ဝနာရီက နေပြည်တော်ရှိ အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

Pages