သတင်းများ

Monday, November 28, 2016 - 00:00

ရန်ကုန် ၂၀၁၆ နို၀င်ဘာ ၂၇
တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ ဦးစီးအဆင့် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေ(၃)နာရီက ရန်ကုန်မြို့ သထုံလမ်းရှိ တက္ကသိုလ်များ အားကစားကွင်း၌ ကျင်းပသည်။

Monday, November 28, 2016 - 00:00

ရန်ကုန် ၂၀၁၆ နို၀င်ဘာ ၂၆
ပညာရေး၀န်ကြီးဌာန အခြေခံပညာဦးစီးဌာန အမှတ်စဉ်(၅/ ၂၀၁၆)ကျောင်း စီမံအုပ်ချုပ်မှု သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့အုပ်ချုပ်မှု သင်တန်းကျောင်း၌ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်သည်။

Monday, November 28, 2016 - 00:00

ရန်ကုန် ၂၀၁၆ နို၀င်ဘာ ၂၆
ရန်ကုန်တက္ကသိုလ်(ပင်မ)ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်သည်။

Friday, November 25, 2016 - 00:00

ရန်ကုန် ၂၀၁၆ နို၀င်ဘာ ၂၃
ပညာရေး၀န်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဦးစီးဌာနနှင့် တိုတယ်ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း(ရတနာ)စီမံကိန်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ရတနာဂဟေဆက် နည်းပညာသင်တန်းကျောင်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရတနာဂဟေဆက် နည်းပညာသင်တန်းကျောင်း၌ ကျင်းပရာ ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦး၀င်းမော်ထွန်းနှင့် တိုတယ်မြန်မာရေနံနှင့်သဘာ၀ ဓာတ်ငွေ့လုပ်ငန်း(ရတနာစီမံကိန်း)မှ General Manager Mr.Xavier Preel တို့က အဖွင့်အမှာစကားပြောကြားကြသည်။

Friday, November 25, 2016 - 00:00

လွိုင်ကော် ၂၀၁၆ နိုင်ဝင်ဘာ ၂၁
ဒေသလိုအပ်ချက်၊လုပ်သားဈေးကွက် လိုအပ်ချက် နှင့်ကိုက်ညီသော အရည်အသွေးရှိပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့်ဘွဲ့ရ လူငယ်မောင်မယ်များ ဖြစ်ပေါ်လာအောင် သင်ကြားလေ့ကျင့်ပေးရန် ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်၊ လွိုင်ကော်နည်းပညာတက္ကသိုလ်၊ လွိုင်ကော် ကွန်ပျူတာတက္ကသိုလ်၊ လွိုင်ကော်ပညာရေးကောလိပ်တို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ ၊ ပါမောက္ခ ဌာနမှူးများနှင့် ကယားပြည်နယ်အတွင်းရှိ ပြည်နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ပညာရေးဌာနမှအရာထမ်း၊ အမှုထမ်းများ၊ ဆရာ၊ ဆရာမများနှင့် (၁၉.၁၁.၂၀၁၆) ရက်နေ့ နေ့လည်ပိုင်းက လွိုင်ကော်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပခဲ့သည့် တွေ့ဆုံပွဲတွင် တိုက်တွန်း မှာကြားခဲ့သည်။

Thursday, November 3, 2016 - 00:00

ရန်ကုန် ၂၀၁၆ အောက်တိုဘာ ၃၁
မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ဆုနှင့် ဆယ့်ခြောက်ကြိမ်မြောက် သုတေသနအကောင်းဆုံးစာတမ်း ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်သည်။

Thursday, November 3, 2016 - 00:00

ရန်ကုန် ၂၀၁၆ နို၀င်ဘာ ၂
၂၀၁၅-၂၀၁၆ ပညာသင်နှစ် အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ)မှ ကြီးမှူးကျင်းပပြုလုပ်သော တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံဇုန်အလိုက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေ(၃)နာရီက ရန်ကုန်မြို့ သထုံလမ်းရှိ တက္ကသိုလ်များ အားကစားကွင်း၌ ကျင်းပသည်။

Wednesday, November 2, 2016 - 00:00

ရန်ကုန် ၂၀၁၆ အောက်တိုဘာ ၂၇
မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင် အမှုဆောင်အဖွဲ့မှကြီးမှူးကျင်းပသည့် (၁၆)ကြိမ်မြောက် သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားသည်။

Tuesday, November 1, 2016 - 00:00

အောက်တိုဘာ ၂၀၁၆ ရန်ကုန် ၃၁
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)ကျောင်းသို့ ရောက်ရှိသည်။

Monday, October 24, 2016 - 00:00

တောင်ငူ ၂၀၁၆ အောက်တိုဘာ ၅
တောင်ငူတက္ကသိုလ်တွင် “ကမ္ဘာ့ဆရာများနေ့” အခမ်းအနားကို ၅-၁၀-၂၀၁၆ နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ စီမံသင်တန်းဌာနမှ ဌာနမှူးများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

Pages