သတင်းများ

Monday, January 2, 2017 - 00:00

ရန်ကုန် ၂၀၁၆ ဒီဇင်ဘာ ၂၉
တတိယအကြိမ် ပညာတန်ဆောင်နှင့် တော်ဝင်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတို့ ပူး ပေါင်းဆောင်ရွက်ချီးမြှင့်သည့် ထူးချွန်ဆရာဆုဗဟိုအဆင့် ဆုနှင်းသဘင် အခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်၌ ကျင်းပခဲ့သည်။

Friday, December 30, 2016 - 00:00

ရန်ကုန် ၂၀၁၆ ဒီဇင်ဘာ ၂၈
၂၀၁၆-၂၀၁၇ ပညာသင်နှစ်အခြေခံပညာမူလတန်းနှင့်အလယ်တန်းအဆင့်အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်) ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေ(၃)နာရီတွင်အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း (အလုံ)ရှိ သီရိရတနာခန်းမ၌ ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာ စကားပြောကြားသည်။

Monday, December 26, 2016 - 00:00

ရန်ကုန် ၂၀၁၆ ဒီဇင်ဘာ ၂၃
ရန်ကုန်တက္ကသိုလ် (ပင်မ) ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ကောင်စီခန်းမ၌ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကားပြောကြားသည်။

Monday, December 26, 2016 - 00:00

ရန်ကုန် ၂၀၁၆ ဒီဇင်ဘာ ၂၃
၂၀၁၆ ခုနှစ် ပညာတန်ဆောင် စာပေပြိုင်ပွဲ ဆုနှင်းသဘင်အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီ တွင် ရန်ကုန်မြို့ ရန်ကင်းပညာရေးကောလိပ်ရှိ မြတ်ပညာခန်းမ၌ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကားပြောကြားသည်။

Friday, December 23, 2016 - 00:00

ရန်ကုန် ၂၀၁၆ ဒီဇင်ဘာ ၂၂
ရန်ကုန် တက္ကသိုလ် မြန်မာစာဌာန ၇၅ နှစ်ပြည့် အထိမ်းအမှတ် စိန်ရတုသဘင်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ကျင်းပရာ နိုင်ငံတော်သမ္မတဦးထင်ကျော် တက်ရောက်အားပေးချီးမြှင့်ပြီး အမှာစကားပြောကြားသည်။

Tuesday, December 20, 2016 - 00:00

မုံရွာ ၂၀၁၆ ဒီဇင်ဘာ ၁၇
မုံရွာစီးပွားရေးတက္ကသိုလ် တည်ထောင်သောနေ့ (၁၈)နှစ်မြောက် အထိမ်းအမှတ် သုတေသန စာတမ်းဖတ်ပွဲအခမ်းအနားကို ၁၇-၁၂-၂၀၁၆ (စနေနေ့)တွင် မုံရွာစီးပွားရေးတက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပခဲ့သည်။

Tuesday, December 20, 2016 - 00:00

ရန်ကုန် ၂၀၁၆ ဒီဇင်ဘာ ၁၉
ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကဏ္ဍ မူ၀ါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီတွင် ရန်ကုန်မြို့ရှိ မီကာဆာဟိုတယ်၌ ကျင်းပရာ အမျိုးသားပညာရေးမူ၀ါဒ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးမြင့်နှင့် UNICEF မှ မြန်မာကိုယ်စားလှယ် Mr. Bertrand Bainvel တို့က အဖွင့်အမှာစကားပြောကြားကြသည်။

Tuesday, December 20, 2016 - 00:00

ရန်ကုန် ၂၀၁၆ ဒီဇင်ဘာ ၁၆
ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို သိပ္ပံပွဲခင်း ၂၀၁၆ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းတို့က တက်ရောက်အမှာစကားပြောကြားသည်။

Tuesday, December 20, 2016 - 00:00

ရန်ကုန် ၂၀၁၆ ဒီဇင်ဘာ ၁၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် (၈)နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့အုပ်ချုပ်မှုသင်တန်းကျောင်း၌ ဖွင့်လှစ်သည့်အခြေခံပညာ ဦးစီးဌာန အမှတ်စဉ်(၆/၂၀၁၆)စာရေး(၃)နှင့်အဆင့်တူဝန်ထမ်းမွမ်းမံ သင်တန်းသို့ သင်ခန်းစာဆွေးနွေး ပို့ချသည်။

Thursday, December 8, 2016 - 00:00

ရန်ကုန် ၂၀၁၆ ဒီဇင်ဘာ ၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး ဦးဆောင်သော အဖွဲ့ဝင်(၇)ဦး ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗြိတိန်နိုင်ငံ အဆင့်မြင့်ပညာရေး လေ့လာရေးခရီးစဉ်အဖြစ် နိုဝင်ဘာလ(၂၇)ရက်နေ့မှ ဒီဇင်ဘာလ(၇)ရက်နေ့အထိ ဗြိတိန်နိုင်ငံ သို့သွားရောက်လေ့လာကာ ယနေ့ နံနက်ပိုင်းတွင် လေကြောင်း ခရီးဖြင့် ပြန်လည်ရောက်ရှိသည်။

Pages