သတင်းများ

Monday, June 5, 2017 - 00:00

ရန်ကုန် ၂၀၁၇ ဇွန် ၄
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အရာထမ်းများ၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး၌ ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြားသည်။

Friday, June 2, 2017 - 00:00

တောင်ကြီး ၂၀၁၇ ဇွန် ၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် ၁၁ နာရီတွင် တောင်ကြီးမြို့နယ် တောင်လေးလုံးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲသို့ ရောက်ရှိကြပြီး ကျောင်းအတွင်း အတန်းလိုက်သင်ကြား သင်ယူနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြ၍ ကျောင်းသား ကျောင်းသူများအား စာရိတ္တကောင်းမွန်ပြီး စာကြိုးစားကြရန်၊ အများနှင့်ပူးပေါင်းဆောင်ရွက်၍ စည်းလုံးညီညွတ်စွာ ပညာသင်ကြားကြရန်နှင့် အထက်တန်းကျောင်းသားများအား မိမိတို့အမှန်တကယ် စိတ်ပါဝင်စားသော ဘာသာရပ်တွဲများကို စိတ်ကြိုက်ယူပြီး ထူးချွန်အောင်မြင် အောင် ကြိုးစားသင်ကြားကြရန်မှာကြားသည်။

Thursday, June 1, 2017 - 00:00

ရန်ကုန် ၂၀၁၇ မေ ၃၁
ရန်ကုန်တက္ကသိုလ်(ပင်မ)ပြုပြင်မွမ်းမံရေးနှင့်အဆင့်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ကောင်စီခန်းမ၌ ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကားပြောကြားသည်။

Thursday, June 1, 2017 - 00:00

ရန်ကုန် ၂၀၁၇ မေ ၃၁
တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန ဌာနတည်ထောင်ခြင်း(၆၉)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ်စိန်ရတုခန်းမ၌ ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် မြန်မာစာအဖွဲ့ အချိန်ပြည့်အဖွဲ့၀င် ဒေါက်တာခင်အေးတို့က အဖွင့်အမှာစကား ပြောကြားသည်။

Thursday, June 1, 2017 - 00:00

ရန်ကုန် ၂၀၁၇ မေ ၃၁
၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလတွင် (၁၉) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များဆိုင်ရာ အားကစားပွဲကို မြန်မာနိုင်ငံ၌ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပနိုင်ရန်အတွက် အာဆီယံတက္ကသိုလ်များဆိုင်ရာ အားကစားကောင်စီနှင့် မြန်မာတက္ကသိုလ်များဆိုင်ရာ အားကစားအဖွဲ့ချုပ်တို့အကြား ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ်ဝင်းရှိ စိန်ရတုခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်၍ နှုတ်ခွန်းဆက်အဖွင့်အမှာစကား ပြောကြားသည်။

Thursday, June 1, 2017 - 00:00

မန္တလေး ၂၀၁၇ ဇွန် ၁
ပညာရေးဝန်ကြီးဌာန၏ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်အတွက် ချမှတ်ထားသည့်ဆောင်ပုဒ်အရ 'ကျောင်းထွက်သူပပျောက်ရေး' ကို ဦးတည်သည့် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်စေရေးနှင့် မူလတန်းပညာ သင်ယူသူများအားလုံး ပညာသင်ယူပြီးမြောက်စေရေးအတွက် ပညာရေးဝန်ကြီးဌာနက အခမဲ့မသင်မနေရစနစ်ဖြင့် ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

Wednesday, May 31, 2017 - 00:00

မုံရွာ ၂၀၁၇ မေ ၂၆
မုံရွာစီးပွားရေးတက္ကသိုလ်ရှိ ဘွဲ့ကြိုသင်တန်းများတွင် ပညာထူးချွန်ပြီး ပညာဆက်လက်သင်ကြားရန် အခက်အခဲရှိနေသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ကြားမှု ထောက်ပံ့ ကူညီပေးရန် ရည်ရွယ်ပြီးGood Brothers Co.Ltd ၏ လူမှုအကျိုးပြု အစီအစဉ်တစ်ခု အနေဖြင့်Good Brothers ပညာသင်ထောက်ပံ့ကြေးဆု ပေးအပ်ရန် သဘောတူ လက်မှတ်ရေးထိုးခြင်းနှင့် ပညာသင်ထောက်ပံ့ကြေးဆု ပေးအပ်ခြင်းအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ မေလ (၂၆)ရက်နေ့တွင် မုံရွာစီးပွားရေးတက္ကသိုလ်၌ ကျင်းပခဲ့သည်။

Tuesday, May 30, 2017 - 00:00

ဒီးမော့ဆို ၂၀၁၇ မေ ၂၈
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ယူဆမိုဆိုကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) အဆင့် တိုးမြှင့်ခြင်းနှင့် ကျောင်းဆောင်သစ်ဖွင့်ပွဲကို မေ ၂၈ ရက် နံနက် ၁၀ နာရီအချိန်တွင် ကျင်းပသည်။

Tuesday, May 30, 2017 - 00:00

နေပြည်တော် ၂၀၁၇ မေ ၂၇
ပြည်ထောင်စုနယ်မြေ နေပြည်တော်၏ ၂ဝ၁၇-၂ဝ၁၈ ပညာ သင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ဇမ္ဗူသီရိ မြို့နယ် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း ဇမ္ဗူရွှေကြာခန်းမ၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပရာ အခမ်းအနားကို ကျောင်းသား ကျောင်းသူများ က 'ကျောင်းအပ်နှံရေး' သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။

Tuesday, May 30, 2017 - 00:00

ရန်ကုန် ၂၀၁၇ မေ ၂၆
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) ပြုစုခဲ့ရာတွင် တိုင်းဒေသကြီး/ပြည် နယ်များမှ ပူးပေါင်းပါဝင်ဆွေးနွေး အကြံပြုခဲ့ကြသူများအား အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း စတင်ဆောင်ရွက်နေမှု တင်ပြခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း(အလုံ)ရှိ သီရိရတနာခန်းမ၌ကျင်းပသည်။

Pages