သတင်းများ

Wednesday, May 3, 2017 - 00:00

ရန်ကုန် ၂၀၁၇ မေ ၂
၂၀၁၇-၂၀၁၈ ကျောင်းပြင်ပ ပညာရေးအစီအစဉ်အကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာ ကျောင်းပြင်ပပညာရေး မြို့နယ်ပညာရေးမှူးများ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ သိင်္ဂီမြိုင်ခန်းမ၌ ကျင်းပသည်။

Tuesday, May 2, 2017 - 00:00

နေပြည်တော် ၂၀၁၇ ဧပြီ ၂၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးအား SEAMEO Council President နှင့် ထိုင်းနိုင်ငံပညာရေးဝန်ကြီး H.E Dr.Teerakiat Jareonsettasin, MD ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်၉နာရီခွဲတွင် နေပြည်တော် ရုံးအမှတ် (၂၁)၊ ပညာရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့သည်။

Tuesday, May 2, 2017 - 00:00

ရန်ကုန် ၂၀၁၇ ဧပြီ ၂၉
ပြည်နယ်နှင့်တိုင်းဒေသကြီးများ အလုပ်အကိုင်ဖွံ့ဖြိုးရေးအထူးအစီအစဉ်အဖြစ် ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံစက်ချုပ်သင်တန်းအမှတ် စဉ်(၁၃၅)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးစင်တာ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် MGHRDC ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ခိုင်နွယ်တို့က အဖွင့်အမှာစကားပြောကြားကြသည်။

Tuesday, April 25, 2017 - 00:00

နေပြည်တော် ၂၀၁၇ ဧပြီ ၂၃
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ၂၀၁၇ခုနှစ်၊ ဧပြီလ(၂၂) ရက်နေ့တွင် နေပြည်တော်ရှိ သတ္တုဗေဒသုတေသနဌာန(အေလာ) သို့ရောက်ရှိပြီး တာဝန်ခံများ၊ သုတေသီများနှင့် တွေ့ဆုံခဲ့သည်။

Tuesday, April 25, 2017 - 00:00

နေပြည်တော် ၂၀၁၇ ဧပြီ ၂၃
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ၂၀၁၇ခုနှစ်၊ ဧပြီလ(၁၉)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးရှိ မော်တော်ယာဉ်သုတေသနဌာန (ပြင်ဦးလွင်)နှင့် ဇီဝနည်းပညာသုတေသနဌာန(ကျောက်ဆည်)သို့ရောက်ရှိပြီး တာဝန်ခံများ၊ သုတေသီများနှင့် တွေ့ဆုံခဲ့သည်။

Monday, April 24, 2017 - 00:00

နေပြည်တော် ၂၀၁၇ ဧပြီ ၂၁
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ၂၀၁၇ ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှိ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာနနှင့် နည်းပညာမြှင့်တင်ရေးသင်တန်းဌာန(ဘယ်လင်း) သို့ ရောက်ရှိပြီး တာဝန်ခံများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် အသီးသီးတွေ့ဆုံခဲ့သည်။

Monday, April 10, 2017 - 00:00

ရန်ကုန် ၂၀၁၇ ဧပြီ ၄
ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦး၀င်းမော်ထွန်းသည် ယနေ့ နံနက် ၁၀ နာရီတွင် အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသိန်း၀င်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေ၀င်းဦး လိုက်ပါ၍ ရန်ကုန်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်ကျော် နှင့်တာ၀န်ရှိသူများ၊ စာစစ်မှူးချုပ်များ၊ လက်ထောက်စာစစ်မှူးချုပ်များနှင့် တာ၀န်ရှိသူများအား ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ကောင်စီခန်းမတွင် တွေ့ဆုံဆွေးနွေးသည်။

Monday, April 10, 2017 - 00:00

ရန်ကုန် ၂၀၁၇ ဧပြီ ၆
၂၀၁၆ - ၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဧပြီလ ၆ ရက် ညနေ ၃ နာရီတွင် ကမာရွတ်မြို့နယ် ပြည်လမ်းရှိ ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

Tuesday, April 4, 2017 - 00:00

ရန်ကုန် ၂၀၁၇ ဧပြီ ၃
ပညာရေး၀န်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ကြီးမှူးကျင်းပသော Sports Forum ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၃ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

Tuesday, April 4, 2017 - 00:00

ရန်ကုန် ၂၀၁၇ ဧပြီ ၂
တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၂ ရက် နံနက် ၉ နာရီတွင် ကမာရွတ်မြို့နယ် ပြည်လမ်းရှိ ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

Pages