သတင်းများ

Tuesday, May 30, 2017 - 00:00

ဒီးမော့ဆို ၂၀၁၇ မေ ၂၈
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ယူဆမိုဆိုကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) အဆင့် တိုးမြှင့်ခြင်းနှင့် ကျောင်းဆောင်သစ်ဖွင့်ပွဲကို မေ ၂၈ ရက် နံနက် ၁၀ နာရီအချိန်တွင် ကျင်းပသည်။

Tuesday, May 30, 2017 - 00:00

နေပြည်တော် ၂၀၁၇ မေ ၂၇
ပြည်ထောင်စုနယ်မြေ နေပြည်တော်၏ ၂ဝ၁၇-၂ဝ၁၈ ပညာ သင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ဇမ္ဗူသီရိ မြို့နယ် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း ဇမ္ဗူရွှေကြာခန်းမ၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပရာ အခမ်းအနားကို ကျောင်းသား ကျောင်းသူများ က 'ကျောင်းအပ်နှံရေး' သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။

Tuesday, May 30, 2017 - 00:00

ရန်ကုန် ၂၀၁၇ မေ ၂၆
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) ပြုစုခဲ့ရာတွင် တိုင်းဒေသကြီး/ပြည် နယ်များမှ ပူးပေါင်းပါဝင်ဆွေးနွေး အကြံပြုခဲ့ကြသူများအား အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း စတင်ဆောင်ရွက်နေမှု တင်ပြခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း(အလုံ)ရှိ သီရိရတနာခန်းမ၌ကျင်းပသည်။

Tuesday, May 30, 2017 - 00:00

ရန်ကုန် ၂၀၁၇ မေ ၂၉
Practical Teaching Refresher Course သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ရန်ကုန်ပညာရေးတက္ကသိုလ် စာကြည့်တိုက်အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Thursday, May 25, 2017 - 00:00

ရန်ကုန် ၂၀၁၇ မေ ၂၅
ရန်ကုန်တိုင်းဒေသကြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကျောင်းနေ အရွယ်ကလေးများ ကျောင်း အပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် အမှတ် (၄)အခြေခံပညာ အထက်တန်းကျောင်း(အလုံ)ရှိ သီရိရတနာခန်းမ၌ ကျင်းပသည်။

Wednesday, May 24, 2017 - 00:00

ပုသိမ် ၂၀၁၇ မေ ၂၁
DEVELOPER iGREEN မှ ငွေကျပ်သိန်း ၅ဝဝ အကုန်အကျခံ တည်ဆောက်လှူဒါန်းသည့် စာသင်ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငွေဆောင်မြို့နယ် အမှတ်(၄) ရပ်ကွက် ဘူးကွဲကြီးကျေးရွာ အမှတ်(၁၁၁) အခြေခံပညာ မူလတန်းလွန်ကျောင်းဝင်းအတွင်း ပြုလုပ်သည်။

Monday, May 22, 2017 - 00:00

ထား၀ယ် ၂၀၁၇ မေ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ အခြေခံပညာဦးစီးဌာန၊ ၂၁၀၇-၂၀၁၈ ပညာသင်နှစ် အထက်တန်းအဆင့်ဘာသာရပ် စွမ်းရည်မြှင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို မေလ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က ထား၀ယ်မြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပခဲ့သည်။

Monday, May 22, 2017 - 00:00

မန္တလေး ၂၀၁၇ မေ ၂၁
ပုဂ္ဂလိကကဏ္ဍလူသား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍပူးပေါင်းဆောင်ရွက် မည့်အစီအစဉ်များချမှတ်ခြင်း နှီးနှောဖလှယ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတက်ရောက် အမှာစကားပြောကြားသည်။

Friday, May 19, 2017 - 00:00

နေပြည်တော် ၂၀၁၇ မေ ၁၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် နေပြည်တော် ဥတ္တရသီရိမြို့နယ် အမှတ်(၁၂)အခြေခံပညာ အထက် တန်းကျောင်းရှိ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ပထမတန်း သင်ရိုးသစ် မြို့နယ် အဆင့်သင်တန်းသို့ ယနေ့ နံနက် ၉နာရီတွင် သွားရောက်ပြီး သင်တန်းသား သင်တန်းသူ ဆရာ ဆရာမ များ၏ ဘာသာရပ်အလိုက် သင်ကြားသင်ယူနေ မှုများ ကို လှည်‌့လည်ကြည်‌့ရှု အားပေးသည်။

Tuesday, May 9, 2017 - 00:00

ရန်ကုန် ၂၀၁၇ မေ ၈
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် အဇာဘိုင်ဂျန်နိုင်ငံ ဘာ့ကူးမြို့တွင် မေလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပသော စတုတ္ထအကြိမ် ယဉ်ကျေးမှုဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည်။

Pages