သတင်းများ

Tuesday, June 13, 2017 - 00:00

တောင်ငူ ၂၀၁၇ ဇွန် ၁၃
တောင်ငူတက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ကထိက ဆရာမ ဒေါက်တာသီရိအောင်သည် မလေးရှားနိုင်ငံတွင် တက်ရောက်ခဲ့သော TrainIQA ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် အတွေ့အကြုံရှင်းပွဲကို ၂၀၁၇ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

Tuesday, June 13, 2017 - 00:00

တောင်ငူ ၂၀၁၇ ဇွန် ၁၃
တောင်ငူတက္ကသိုလ် ၂၀၁၇ ခုနှစ် တက္ကသိုလ်အဆင့် အကောင်းဆုံးသုတေသနများနှင့် ဘာသာရပ်အလိုက် သုတေသနများ စာတမ်းဖတ်ပွဲကို ၂၀၁၇ခုနှစ် ဇွန်လ ၆ရက်နေ့နှင့် ၈ ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့သည်။

Monday, June 12, 2017 - 00:00

စစ်တွေ ၂၀၁၇ ဇွန် ၁၀
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာ၀န်ရှိသူများ လိုက်ပါလျက် စစ်တွေမြို့ အထက(၂) ကျောင်းခန်းမ ၌ပြုလုပ်သော အခြေခံပညာ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ ဇွန် (၉)ရက်နေ့ ညနေပိုင်းတွင် တက်ရောက်ခဲ့ပြီး ဆရာ၊ ဆရာမများ၏ သင်ကြားရေးဆိုင်ရာနှင့် ၀န်ထမ်းရေးရာဆိုင်ရာကို မေးမြန်းဆွေးနွေးခြင်းများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

Monday, June 5, 2017 - 00:00

ရန်ကုန် ၂၀၁၇ ဇွန် ၄
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အရာထမ်းများ၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး၌ ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြားသည်။

Friday, June 2, 2017 - 00:00

တောင်ကြီး ၂၀၁၇ ဇွန် ၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် ၁၁ နာရီတွင် တောင်ကြီးမြို့နယ် တောင်လေးလုံးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲသို့ ရောက်ရှိကြပြီး ကျောင်းအတွင်း အတန်းလိုက်သင်ကြား သင်ယူနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြ၍ ကျောင်းသား ကျောင်းသူများအား စာရိတ္တကောင်းမွန်ပြီး စာကြိုးစားကြရန်၊ အများနှင့်ပူးပေါင်းဆောင်ရွက်၍ စည်းလုံးညီညွတ်စွာ ပညာသင်ကြားကြရန်နှင့် အထက်တန်းကျောင်းသားများအား မိမိတို့အမှန်တကယ် စိတ်ပါဝင်စားသော ဘာသာရပ်တွဲများကို စိတ်ကြိုက်ယူပြီး ထူးချွန်အောင်မြင် အောင် ကြိုးစားသင်ကြားကြရန်မှာကြားသည်။

Thursday, June 1, 2017 - 00:00

ရန်ကုန် ၂၀၁၇ မေ ၃၁
ရန်ကုန်တက္ကသိုလ်(ပင်မ)ပြုပြင်မွမ်းမံရေးနှင့်အဆင့်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ကောင်စီခန်းမ၌ ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကားပြောကြားသည်။

Thursday, June 1, 2017 - 00:00

ရန်ကုန် ၂၀၁၇ မေ ၃၁
တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန ဌာနတည်ထောင်ခြင်း(၆၉)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ်စိန်ရတုခန်းမ၌ ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် မြန်မာစာအဖွဲ့ အချိန်ပြည့်အဖွဲ့၀င် ဒေါက်တာခင်အေးတို့က အဖွင့်အမှာစကား ပြောကြားသည်။

Thursday, June 1, 2017 - 00:00

ရန်ကုန် ၂၀၁၇ မေ ၃၁
၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလတွင် (၁၉) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များဆိုင်ရာ အားကစားပွဲကို မြန်မာနိုင်ငံ၌ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပနိုင်ရန်အတွက် အာဆီယံတက္ကသိုလ်များဆိုင်ရာ အားကစားကောင်စီနှင့် မြန်မာတက္ကသိုလ်များဆိုင်ရာ အားကစားအဖွဲ့ချုပ်တို့အကြား ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ်ဝင်းရှိ စိန်ရတုခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်၍ နှုတ်ခွန်းဆက်အဖွင့်အမှာစကား ပြောကြားသည်။

Thursday, June 1, 2017 - 00:00

မန္တလေး ၂၀၁၇ ဇွန် ၁
ပညာရေးဝန်ကြီးဌာန၏ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်အတွက် ချမှတ်ထားသည့်ဆောင်ပုဒ်အရ 'ကျောင်းထွက်သူပပျောက်ရေး' ကို ဦးတည်သည့် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်စေရေးနှင့် မူလတန်းပညာ သင်ယူသူများအားလုံး ပညာသင်ယူပြီးမြောက်စေရေးအတွက် ပညာရေးဝန်ကြီးဌာနက အခမဲ့မသင်မနေရစနစ်ဖြင့် ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

Wednesday, May 31, 2017 - 00:00

မုံရွာ ၂၀၁၇ မေ ၂၆
မုံရွာစီးပွားရေးတက္ကသိုလ်ရှိ ဘွဲ့ကြိုသင်တန်းများတွင် ပညာထူးချွန်ပြီး ပညာဆက်လက်သင်ကြားရန် အခက်အခဲရှိနေသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ကြားမှု ထောက်ပံ့ ကူညီပေးရန် ရည်ရွယ်ပြီးGood Brothers Co.Ltd ၏ လူမှုအကျိုးပြု အစီအစဉ်တစ်ခု အနေဖြင့်Good Brothers ပညာသင်ထောက်ပံ့ကြေးဆု ပေးအပ်ရန် သဘောတူ လက်မှတ်ရေးထိုးခြင်းနှင့် ပညာသင်ထောက်ပံ့ကြေးဆု ပေးအပ်ခြင်းအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ မေလ (၂၆)ရက်နေ့တွင် မုံရွာစီးပွားရေးတက္ကသိုလ်၌ ကျင်းပခဲ့သည်။

Pages