သတင်းများ

Monday, June 26, 2017 - 00:00

ရန်ကုန် ၂၀၁၇ ဇွန် ၂၄

၂ဝ၁ရခုနှစ် ပညာရေးမြှင့်တင်မှုအကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အဆင့်မြင့် ပညာ ကဏ္ဍ)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ်စိန်ရတုခန်းမ၌ ကျင်းပ ခဲ့ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အဖွင့််အမှာ စကား ပြောကြားသည်။

Saturday, June 24, 2017 - 00:00

ရန်ကုန် ၂၀၁၇ ဇွန် ၂၃
ရန်ကုန်စီးပွားရေးတက္ကသိုလ် စာရင်းအင်းပညာဌာနက ဖွင့်လှစ်သည့် အသုံးချစာရင်းအင်းပညာမဟာ ဘွဲ့(Master of Applied Statistics-MAS) သင်တန်းအမှတ်စဉ်(၁)ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ ၅ နာရီ တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် နီလာရတုခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။

Saturday, June 24, 2017 - 00:00

ရန်ကုန် ၂၀၁၇ ဇွန် ၂၃

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့အုပ်ချုပ်မှုသင်တန်းကျောင်း၌ ကျင်းပသည့် အမှတ်စဉ် (၄/၂၀၁၇) စာရေး (၃)နှင့်အဆင့်တူ ဝန်ထမ်းမွမ်းမံသင်တန်းသို့ သွားရောက်သည်။

Saturday, June 24, 2017 - 00:00

ရန်ကုန် ၂၀၁၇ ဇွန် ၂၃

ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ဆရာကြီး ဒေါက်တာလှမြင့် အောက်မေ့သတိရ ဂုဏ်ပြုအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပသည်။

Monday, June 19, 2017 - 00:00

ဂန့်ဂေါ ၂၀၁၇ ဇွန် ၁၉
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ် မင်းရွာအခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)မှ မင်းရွာအခြေခံပညာ အထက်တန်းကျောင်းအဆင့်သို့ ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ် ပွဲအခမ်းအနားကို ဇွန် ၁၇ ရက် မွန်းတည့် ၁၂ နာရီက အဆိုပါ ကျောင်း၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Monday, June 19, 2017 - 00:00

နေပြည်တော် ၂၀၁၇ ဇွန် ၁၂
ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု အစီအစဉ်ဆိုင်ရာသင်တန်းကို ၂၀၁၇ခုနှစ် ဇွန်လ ၁၁ ရက်နေ့ နံနက် ၉နာရီခွဲမှစတင်၍ နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်ဆွေးနွေးမှာကြားခဲ့သည်။

Friday, June 16, 2017 - 00:00

ရန်ကုန် ၂၀၁၇ ဇွန် ၁၆
ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် Open Society Foundations(OSF)တို့ပူးပေါင်းပြုလုပ်သော Science of Early Child Development(SECD)Training Workshop သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ညနေ ၃ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်ပညာရေး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအေးအေးမြင့်က အမှာစကားပြောကြားသည်။

Thursday, June 15, 2017 - 00:00

ရန်ကုန် ၂၀၁၇ ဇွန် ၁၅
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ဟောင်ကောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ Secretary of Education ဖြစ်သူ Mr.Eddie Ng အား ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ အဆင့်မြင့်ပညာဦးစီးဌာန ဧည့်ခန်းမ၌ တွေ့ဆုံသည်။

Thursday, June 15, 2017 - 00:00

ရန်ကုန် ၂၀၁၇ ဇွန် ၁၅
အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)အဆင့်မြှင့်တင်ခြင်းအတွက် မြန်မာ-ဂျာမနီပူးပေါင်းဆောင်ရွက်မှု အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ အစိုးရစက်မှုလက်မှု သိပ္ပံ(အင်းစိန်)၌ ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အဖွင့် အမှာစကားပြောကြားသည်။

Tuesday, June 13, 2017 - 00:00

တောင်ငူ ၂၀၁၇ ဇွန် ၁၃
တောင်ငူတက္ကသိုလ်၏ Internal Quality Asssurance (IQA) Capacity Building သင်တန်း/ဆွေးနွေးပွဲကို ၂၀၁၇ခုနှစ်၊ မေလ ၂၄ရက်နှင့် ၂၅ရက် နေ့မွန်းလွဲပိုင်းများတွင် ပြုလုပ်ခဲ့သည်။

Pages