တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း (၂၀၁၉)

 ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ရန်

  

  

သာလိုပါတော့သည်။

 

  • ၂၀၁၉ - ခုနှစ် ၊ မတ်လအတွင်းက ကျင်းပစစ်ဆေးခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ဇွန် ၈ ရက် စနေနေ့ နံနက် ၆ နာရီတွင် ထုတ်ပြန်ကြေညာမည် ဖြစ်ပါသည်။
  • အဆိုပါ အောင်စာရင်းများကို သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်း ကပ်ထားမည်ဖြစ်သည်။ ထို့အပြင် အင်းစိန်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရန်ကင်းမြို့နယ် အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ စမ်းချောင်းမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ လမ်းမတော်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် သင်္ကန်းကျွန်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတို့တွင်လည်း တိုင်းဒေသကြီး/ ပြည်နယ်များ၏ အောင်စာရင်းများကို ကပ်ထားပေးမည် ဖြစ်သည်။
  • တိုင်းဒေသကြီး/ပြည်နယ်အလိုက် အောင်စာရင်းများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးရုံးများတွင် လည်းကောင်း၊ ခရိုင်အလိုက် သိရှိလိုပါက သက်ဆိုင်ရာ ခရိုင်ပညာရေးမှူးရုံး များတွင် လည်းကောင်း ၊ မြို့နယ်အလိုက် သိရှိလိုပါက သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် လည်းကောင်း ဇွန် ၈ ရက် နံနက် ၆ နာရီနောက်ပိုင်းတွင် စုံစမ်းမေးမြန်းနိုင်သည်။
  • အောင်စာရင်းထုတ်ပြန်မည့် ဇွန် ၈ ရက် နံနက် ၆ နာရီတွင် ပညာရေးဝန်ကြီးဌာန Website ဖြစ်သော www.moe.gov.mm ၏ ဤစာမျက်နှာနေရာတွင် ကြည့်ရှုနိုင်ရန် စီစဉ်ထားပါသည်။