ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်ပိုင်ကျောင်း တည်ထောင်အုပ်ချုပ်သူများ ကျောင်းစီမံအုပ်ချုပ်မှု စွမ်းရည်မြှင့်တင်ရေး အွန်လိုင်းသင်တန်းတွင် သင်ခန်းစာဆွေးနွေးပို့ချ
နေပြည်တော် ၂၀၂၁ ဇန်နဝါရီ ၃၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့ နံနက် ၁၀ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည့် အခြေခံပညာဦးစီးဌာန ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း (ရန်ကုန်) က ဖွင့်လှစ်သော ကိုယ်ပိုင်ကျောင်းတည်ထောင် အုပ်ချုပ်သူများ အတွက် ကျောင်းစီမံအုပ်ချုပ်မှု စွမ်းရည်မြှင့်တင်ရေး အမှတ်စဉ်(၁/၂၀၂၁) အွန်လိုင်းသင်တန်းတွင် သင်ခန်းစာဆွေးနွေးပို့ချသည်။