မေးဖြေကဏ္ဍ

၁။ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် အောက်ဖော်ပြပါ ပစ္စည်းများကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါ၍ အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်-
(က) စက်ပစ္စည်းများ
(ခ) ရုံးသုံးပစ္စည်းများ
(ဂ) ပရိဘောဂပစ္စည်းများ

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ၃၀-၆-၂၀၁၆ ရက်တွင်စတင်၍ရောင်းချမည်ဖြစ်ပြီး အဆိုပါအိတ်ဖွင့်တင်ဒါများကို ၂၇-၇-၂၀၁၆ ရက် ၁၆း၃၀ နာရီနောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါပုံစံ ရောင်းချမည့်လိပ်စာနှင့် တင်သွင်းရမည့်လိပ်စာမှာ ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ရုံးအမှတ်(၁၃)၊ နေပြည်တော် ဖြစ်ပါသည်။

၄။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်း-ဝ၆၇-၄၀၇၄၅၆ သို့ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ Facebook တွင်ကြည့်ရှုနိုင်မည်။ အောက်ပါ link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

https://www.facebook.com/moe.gov.mm/posts/1004235016350228:0

၂၀၁၆ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို အများပြည်သူ အလွယ်တကူ ကြည့်ရှုနိုင်စေရန် အတွက် ပညာရေးဝန်ကြီးဌာန၏ Facebook စာမျက်နှာ၌ ပြည်နယ်/တိုင်းဒေသကြီးအလိုက် မြို့နယ်များအလိုက် အောင်စာရင်းများကို ၁၁-၆-၂၀၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ပါသည်။ ပညာရေးဝန်ကြီးဌာန၏ Facebook Page လိပ်စာမှာ www.facebook.com/moe.gov.mm ဖြစ်ပါသည်။