8th Model ASEM 2017 သို့ လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာခြင်း

8th Model ASEM 2017 အခမ်းအနားသို့ လူငယ်များ(Youth Participants) တက်ရောက်နိုင်ရေးအတွက် လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာခြင်း

၁။      မြန်မာနိုင်ငံ၊ နေပြည်တော်၌ (၁၅-၁၁-၂၀၁၇ မှ   ၂၀-၁၁-၂၀၁၇)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် 8th Model ASEM 2017 အတွက် လူငယ်များ (Youth Participants) ဖိတ်ကြားမည် ဖြစ်ပါသည်။

၂။      လူငယ်များ (Youth Participants)အဖြစ် လျှောက်ထားလိုသူများ သိရှိနိုင်ပါရန် အောက်ပါ အချက်အလက်များကို အသိပေး ကြေညာအပ်ပါသည် -

          (က)  Open call အတွက် နိုင်ငံတကာမှ လူငယ် (၁၅၀)ဦး ရွေးချယ်သွားမည် ဖြစ်ပါကြောင်း၊

          (ခ)  အင်္ဂလိပ်စာ အရေး၊ အပြော အထူးကောင်းမွန်ပြီး အသက် (၁၈)နှစ်မှ (၃၀)အတွင်း ဖြစ်ပါကြောင်း၊

          (ဂ)  Model ASEM နှင့်ပတ်သက်သော သတင်းအချက်အလက်များကို www.aseminfoboard.org နှင့် http://www.asef.org/projects/themes/education/4104-modelasem8 တို့တွင် 8th ဝင်ရောက် ကြည့်ရှုနိုင်ပါကြောင်း၊

          (ဃ)  https://asiaeuropefoundation.formstack.com/forms/modelasem8 သို့ဝင်ရောက်၍ Online Application Form ဖြည့်စွက် လျှောက်ထားရမည် ဖြစ်ပါကြောင်း၊

          (င)  လျှောက်လွှာ နောက်ဆုံးပိတ်ရက်မှာ Sunday, 3 September 2017, GMT 23:59 ဖြစ်ပါကြောင်း၊

          (စ)  Website တွင် နိုင်ငံတကာမှ Citizenship များအတွက် လျှောက်လွှာ Registration တင်သွင်း နိုင်ကြောင်းနှင့် ရွေးချယ်သည့်စာရင်းကို ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း၊

          (ဆ)   ရွေးချယ်ခံရသည့် ကျောင်းသားများအတွက် Online Preparatory Phase ကို MOFA မှ ရက်သတ္တပတ် (၆)ပတ်ကြာ Online မှ ပို့ချမည် ဖြစ်ပါကြောင်း၊

၃။      8th Model ASEM 2017 နှင့်ပတ်သက်၍  သိရှိလိုသည်များကို Phone: +65 6874 9715 နှင့် E-mail: modelasem@asef.org သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။