နေပြည်တော် ၂၀၂၂ မေ ၂၃
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ အဝေးသင်တက္ကသိုလ် သင်တန်းများ ဖွင့်လှစ်ထားရှိသည့် တက္ကသိုလ် (၄၁)ကျောင်းတွင် အဝေးသင် အနီးကပ်သင်တန်းများအဖြစ် ဒုတိယအသုတ် စတုတ္ထနှစ်အဝေးသင် ဝိဇ္ဇာဘာသာရပ်များဖြစ်သည့် အင်္ဂလိပ်စာ၊ ဥပဒေပညာ၊ ပထဝီဝင်၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ ဒဿနိကဗေဒနှင့် ပဉ္စမနှစ်ဥပဒေပညာသင်တန်းများကို မေ ၁၉ရက်မှ ၂၈ရက်အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး အဝေးသင်တက္ကသိုလ် ကျောင်းသား ကျောင်းသူများ စာသင်ခန်းအပြည့် တက်ရောက်ပညာသင်ယူလျက်ရှိကြောင်း တွေ့ရသည်။ ဒုတိယအသုတ် အဝေးသင်စာမေးပွဲများကို မေ ၃၀ရက်မှ ဇွန် ၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။