နေပြည်တော် ၂၀၂၂ ဧပြီ ၂၀
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်ဝင်းသည် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ ဇေယျာသီရိမြို့နယ် ကျောက်ချက် အခြေခံပညာအထက်တန်းကျောင်းနှင့် ဥတ္တရ သီရိမြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံးများသို့ ရောက်ရှိပြီး သင်ရိုးသစ် ပဉ္စမတန်း (Grade 5) ဗဟိုအဆင့်နည်းပြအွန်လိုင်းသင်တန်း သင်ကြားသင်ယူနေမှုများကို ကြည့်ရှုအားပေးသည်။
ထိုသို့ကြည့်ရှုအားပေးစဉ် ဒုတိယဝန်ကြီးက အွန်လိုင်းစနစ်ဖြင့် သင်ကြား၊ သင်ယူရာတွင် အရုပ်စနစ်နှင့်အသံစနစ် ကောင်းမွန် ကြည်လင်အောင်ဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်း၊ သင်တန်းသား ဆရာဆရာမများအနေဖြင့် ဘာသာရပ် ဆိုင်ရာမွမ်းမံသင်တန်းများ ပြန်လည်ဖွင့်လှစ်သင်ကြားကြရမည်ဖြစ်သဖြင့် နားလည် တတ်ကျွမ်းအောင် သင်ယူကြစေလိုကြောင်း၊ သက်ဆိုင်ရာဘာသာရပ်များ ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားသည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
သင်ရိုးသစ် ပဉ္စမတန်း(Grade 5) ဗဟိုအဆင့်နည်းပြအွန်လိုင်းသင်တန်းကို ဧပြီ ၂၀ ရက်မှ ၂၅ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။