သင်ရိုးညွှန်းတမ်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၀) ကျင်းပ

နေပြည်တော် ၂၀၂၀ ဇွန် ၂၂
 
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် သင်ရိုးညွှန်း တမ်းအဖွဲ့များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၀)ကို ယနေ့မွန်းလွဲ (၂:၀၀)နာရီတွင် နေပြည်တော် ရုံးအမှတ်(၁၃)ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ညှိနှိုင်းဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီ၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ JICA နှင့် ADB တို့မှ တာဝန်ရှိသူများ၊ သင်ရိုးညွှန်းတမ်း ရေးဆွဲရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက သင်ရိုးညွှန်းတမ်းကိစ္စရပ်များနှင့် ပတ်သက်၍ Video Conferencing ဖြင့် အပြန်အလှန် ချိတ်ဆက်ညှိနှိုင်း ဆွေးနွေးကြကြောင်း သိရသည်။