ရန်ကုန်အဝေးသင်တက္ကသိုလ် ဝန်ထမ်းသားသမီးများအား ဆုချီးမြှင့်

ရန်ကုန် ၂၀၁၆ ဇူလိုင် ၁

 

ရန်ကုန်အဝေးသင် တက္ကသိုလ် ဝန်ထမ်း သားသမီးများအနက် ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့သော (၆) ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၁)ဦးနှင့် (၁) ဘာသာဂုဏ်ထူးရှင် (၁)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃)ဦးအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ရန်ကုန်အဝေးသင်တက္ကသိုလ်၊ အစည်းအဝေးခန်းမ(၂)၌ ၃၀-၆-၂၀၁၆ ရက်နေ့တွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ စီမံအရာရှိများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏မိဘများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။