ရည်မှန်းချက်

  • တွေးခေါ်ကြံဆ ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ၍ ဗလငါးတန် ပြည့်စုံသည့် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းရေးကို ဦးတည်လေ့ကျင့်ပေးရန်၊
  • ပြည်သူ့နီတိနှင့် ဒီမိုကရေစီ ကျင့်စဉ်များဖြင့် ဥပဒေကို လေးစားလိုက်နာသော နိုင်ငံသားများ ဖြစ်လာစေရေးအတွက် လေ့ကျင့်ပြုစုပျိုးထောင်ပေးရန်၊
  • ပြည်ထောင်စု စိတ်ဓာတ်ဖွံ့ဖြိုးပြီး တိုင်းရင်းသား လူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့၊ သမိုင်းအမွေအနှစ်နှင့် သဘာဝ ပတ်ဝန်းကျင်တို့ကို တန်ဖိုးထား၍ ထိန်းသိမ်းမြှင့်တင်နိုင်ပြီး ယင်းတို့ကို လက်ဆင့်ကမ်းနိုင်သည့် နိုင်ငံသားများ ဖြစ်လာစေရန်၊
  • ပညာအခြေပြု လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော လူသားအရင်းအမြစ်များကို လေ့ကျင့်ပြုစု ပျိုးထောင်ပေးရန်၊
  • နိုင်ငံတကာအဆင့်မီ ပညာရပ်ဆိုင်ရာ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်နှင့် သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများကို ထိရောက်စွာ အသုံးပြုခြင်းဖြင့် သင်ကြားရေး၊ သင်ယူရေး၊ သုတေသနနှင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းများ၏ အရည်အသွေး မြင့်မားလာစေရန်၊
  • ပညာရပ် နယ်ပယ်အလိုက် ကျွမ်းကျင်စွာ တတ်မြောက်သော ထူးချွန်ထက်မြက်သည့် အသိပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာနှင့် သက်မွေးပညာဆိုင်ရာ ကျွမ်းကျင်သူများကို လေ့ကျင့်ပြုစုပျိုးထောင်ပေးရန်၊
  • အားကစားကဏ္ဍကို အားပေးမြှင့်တင်ခြင်းနှင့် ကျောင်းကျန်းမာရေး လုပ်ငန်းများကို စနစ်တကျ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်။
  • နိုင်ငံသားများ၏ မွေးရာပါ အခွင့်အရေးဖြစ်သော ပညာသင်ယူခွင့်ကို နိုင်ငံသားတိုင်း ခံစားရရှိစေရန်
  • မဟာဗျူဟာများ၊ မူဝါဒများနှင့် ယင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်မှု၊ စီမံချက်၊ ပညာရေးဖွံ့ဖြိုးမှု စီမံကိန်းများ ကိုလည်းကောင်း၊ ပညာရေးနှင့်သက်ဆိုင်သည့် ဥပဒေများ၊ အခြား လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်သော သတင်းအချက်အလက်များ ကိုလည်းကောင်း၊ ပြည်သူလူထုက သိရှိရယူနိုင်ရန်၊