ရည်ရွယ်ချက်
- မြန်မာနိုင်ငံ၏ ပညာရေးစနစ်နှင့် လုပ်ငန်းခွင်များကို အထောက်အကူ ဖြစ်စေ ရန်အတွက် ပညာအရည်အချင်းနှင့် ကျွမ်းကျင်မှုအခြေအနေတို့ကို သုံးသပ် စစ်ဆေးနိုင်ရန်၊
- မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ရသော စာမေးပွဲများ ကျင်းပစစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများကို တရားမျှတ၍ စနစ်တကျအောင်မြင် ချောမောစွာ ဆောင်ရွက်နိုင်ရန်၊
လုပ်ငန်းတာဝန်
- တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပပေးခြင်း၊
- စာမေးပွဲအောင်မြင်သူများ၏ အောင်လက်မှတ်များ စိစစ်ထုတ်ပေးခြင်း၊
- စာမေးပွဲ အောင်မြင်/ ကျရှုံးသူများ၏ အမှတ်စာရင်းများကို စိစစ်ထုတ်ပေးခြင်း၊
- အခြေခံပညာအလယ်တန်းအဆင့်ပြီးဆုံးသည့် အတန်းတွင် စစ်ဆေးသည့် စာမေးပွဲ ကျင်းပပေးခြင်း၊
- အခြေခံပညာ မူလတန်းအဆင့်ပြီးဆုံးသည့်အတန်းတွင် စစ်ဆေးသည့် စာမေးပွဲ ကျင်းပပေးခြင်း၊
- အောင်လက်မှတ်နှင့် အမှတ်စာရင်းများ မှန်ကန်မှုရှိ/မရှိ စိစစ်ပေးခြင်း၊
- စာမေးပွဲများ၏ အရည်အသွေး ပြန်လည်သုံးသပ်ခြင်း၊
ဖွဲ့စည်းပုံ
ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာမျိုးသန့်
တည်နေရာ
ရုံးအမှတ် (၅၂)၊ နေပြည်တော်