မူဝါဒများ (Policies)

  • နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာတတ်များပေါများရန် ပညာရေးမြှင့်တင်မှုလုပ်ငန်းများကို အလေးထား ဆောင်ရွက်ရေး
  • နိုင်ငံတော်၏ ဒေသတွင်းနှင့် ဒေသအလိုက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတွင် ကွာခြားချက် မကြီးမားစေရန်အတွက် အတတ်ပညာတတ်မြောက်သော၊ အသိပညာပြည့်စုံသော ပညာတတ်များ ပေါများရေး
  • အသိပညာ၊ အတတ်ပညာများ အမှန်တကယ်ရရှိအောင် သင်ကြားလေ့ကျင့်ပေးရေး
  • တိုင်းရင်းသားပညာရေးကို အလေးပေး ပံ့ပိုးရေး
  • ဘုန်းတော်ကြီးသင်ပညာရေး ချောမွေ့စွာလည်ပတ်နိုင်ရေး အတွက် ထောက်ပံ့ပေးရေး
  • လူတိုင်းအကျုံးဝင် ပညာရေးကို အားပေးခြင်းဖြင့် လူတိုင်းသာတူညီမျှ ပညာသင်ယူခွင့် ရရှိစေရေး
  • နိုင်ငံတစ်ဝန်း စာမတတ်သူပပျောက်ရေးအတွက် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေး အစီအစဉ်ဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရေး
  • ကျောင်းနေအရွယ် ကလေးအားလုံး၊ ပညာသင်ယူရမည့် အရွယ် အားလုံး ပညာသင်ယူခွင့်ရရှိစေရေး
  • အခြေခံပညာ အလယ်တန်းအဆင့် KG+9 ပြီးဆုံးသည်အထိ ပညာသင်ယူနိုင်ရေး
  • ကျောင်းသား ကျောင်းသူများ စဉ်ဆက်မပြတ် တန်းစဉ်ကူးပြောင်းရာတွင် အတန်း စာမေးပွဲ အောင်ရုံ သာမက အတန်းပညာများ အမှန်တကယ် တတ်မြောက်ရန် သင်ကြားလေ့ကျင့်ပေးရေး
  • ကျောင်းသား ကျောင်းသူများ စဉ်ဆက်မပြတ် တန်းစဉ်ကူးပြောင်းရေး
  • အတန်း စာမေးပွဲ အောင်ရုံသာမက အတန်းပညာများ အမှန်တကယ် တတ်မြောက်ရန် သင်ကြားလေ့ကျင့်ပေးရေး
  • ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမများ ပြည့်စုံအောင် ခန့်ထားပေးရေး
  • ဆရာ ဆရာမများသည် သင်ကြားသောဘာသာရပ်နှင့်ရရှိထားသောဘွဲ့ ကိုက်ညီရေးနှင့်  ဘာသာရပ်အလိုက် ပညာရပ်များအား ကောင်းစွာတတ်ကျွမ်းရေး
  • ဆရာ ဆရာမများအတွက် မွမ်းမံ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရေး
  • အုပ်ချုပ်မှု သင်တန်းများ၊ စီမံခန့်ခွဲမှုသင်တန်းများ ဖွင့်လှစ်ပေးရေး
  • စာကြည့်တိုက်များ ပြည့်စုံစွာ ဖွင့်လှစ်ထားရှိရေး
  • စာကြည့်တိုက်အသုံးပြုသည့် အလေ့အကျင့်ကောင်းကို ပျိုးထောင်ပေးရေးနှင့် သုတစာပေ၊ ရသစာပေများ ဖတ်ရှုခြင်းကို ဝါသနာထုံစေရန် မြေတောင်မြှောက် ပြုစုပျိုးထောင်ပေးရေး
  • ကျောင်းသား ကျောင်းသူများ စာများများ ဖတ်ရှုလာစေရေး နှင့် စာကြည့်တိုက်နှင့် အင်တာနက်မှ ပညာဗဟုသုတ ရှာဖွေဆည်းပူးတတ်စေရေး
  • ကျောင်းသား ကျောင်းသူများအား ငယ်ရွယ်စဉ်ကာလမှစ၍ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံ၊ ပြည်သူ့နီတိတို့နှင့် ရင်းနှီးကျွမ်းဝင်စေကာ လိုက်နာစောင့်ထိန်းတတ်ရန်နှင့် ဒီမိုကရေစီ အခြေခံ သဘောတရားများကို နားလည် သဘောပေါက်စေရန် သင်ကြားလေ့ကျင့်ပေးရေး
  • ကျောင်းအဆောက်အအုံများ ကောင်းမွန်စေရေးနှင့် စာသင်ကျောင်းတိုင်းတွင် မြေ၊ အဆောက် အအုံ၊ ရေ၊ မီး၊ ကစားကွင်း ပြည့်စုံစေရေးနှင့် သွားလာရေး အဆင်ပြေချောမွေ့စေရေး
  • နည်းပညာနှင့်သက်မွေးပညာရေးနှင့်လေ့ကျင့်ရေးကျောင်းများသည် တန်ဘိုးမြင့်ထုတ်ကုန် ဈေးကွက် အတွက် ကျွမ်းကျင်မှု အရည်အသွေးများကို ဖြည့်ဆည်းပေးရေး
  • KG+9 အလယ်တန်းပညာရေး ပြီးဆုံးအောင်မြင်ပြီးသူများသည် စိုက်ပျိုးမွေးမြူရေး၊ နည်းပညာနှင့် သက်မွေးပညာရေးဆိုင်ရာ ကျွမ်းကျင်မှုအရည်အသွေးများရရှိရန်  ဆက်လက်သင်ယူ လေ့ကျင့်နိုင်ခွင့် ရရှိရေး
  • တက္ကသိုလ်များ၏ ဥပဓိရုပ်နှင့် ဝန်းကျင်ကောင်းများ ဖန်တီးပေးရေး
  • တက္ကသိုလ်အင်္ဂါရပ်များ ပြည့်စုံအောင် ဖြည့်ဆည်းပေးရေး
  • ပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ခုလျှင် ပါရဂူဘွဲ့သင်တန်း ဖွင့်လှစ်သည့်တက္ကသိုလ် အနည်းဆုံး တစ်ခုရှိရေး
  • ပါရဂူဘွဲ့သင်တန်းဖွင့်လှစ်သည့် တက္ကသိုလ်များသည် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် ထိပ်တန်း တက္ကသိုလ်ကြီးများ ဖြစ်လာစေရေး
  • နိုင်ငံတော်စီးပွားရေး တိုးတက်စေရန်နှင့် နိုင်ငံသားများ ဥပဒေကို သိရှိလိုက်နာတတ်စေရန်အတွက် တက္ကသိုလ်များတွင် စီးပွားရေးပညာဘွဲ့နှင့် ဥပဒေပညာဘွဲ့ သင်တန်းအစီစဉ်များကို တိုးချဲ့ဖွင့်လှစ် ပေးရေး
  • နိုင်ငံလိုအပ်ချက်၊ ဒေသလိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် အသုံးချဘာသာရပ်များကိုလည်း တက္ကသိုလ်၊ ကောလိပ်များတွင် တိုးချဲ့သင်ကြား လေ့ကျင့်ပေးရေး
  • ကျောင်းသား ကျောင်းသူများ တွေးတောကြံဆ ဆန်းစစ် ဖန်တီးတတ်မှုများရှိစေရန် အသိပညာနှင့် အတတ်ပညာများကို လေ့ကျင့်သင်ကြားပေးရေး
  • ကျောင်းသား ကျောင်းသူများ၏ တွေးခေါ်မှုနှင့် နားလည် တတ်ကျွမ်းမှုကို မြှင့်တင်ပေးခြင်းဖြင့် သင်ကြားသင်ယူမှုကို ပိုမိုထိရောက်စေရေး
  • ပတ်ဝန်းကျင်ကောင်းများ ဖန်တီး၍ ကျောင်းသားကျောင်းသူများ ဘဝအတွက် အတွေ့အကြုံ ကောင်းများရရှိရေးနှင့် အမြင်ကျယ်လာစေရေးကို ဖန်တီးဆောင်ရွက်ပေးရေး
  • ဆရာ ဆရာမများ  မိမိအလုပ်ကို အလေးထားပြီး အချိန်ကိုလေးစားသည့် အလေ့အကျင့်ကောင်းများ၊ စိတ်ဓာတ်ကောင်းများနှင့် တွေးတောကြံဆတတ်မှုများ ရှိအောင် မိမိကိုယ်ကို လေ့ကျင့်ရန်နှင့်  ကျောင်းသား ကျောင်းသူများကိုလည်း ပြုစုလေ့ကျင့်ပေးရေး
  • အလွတ်ကျက်စနစ်မှ  စဉ်းစားတွေးခေါ် ဖန်တီးမှုကို အားပေးသော ထိရောက်သည့် သင်ကြားရေး နည်းစနစ်များကို ပြောင်းလဲအသုံးပြု၍ ပညာရပ်များကို အမှန်တကယ် တတ်ကျွမ်းအောင် သင်ကြား‌ပေးရေး
  • လေ့လာမှုများ ဆောင်ရွက်ရာတွင်လည်း ထဲထဲဝင်ဝင် ထိထိ ရောက်ရောက် လေ့လာသင်ယူနိုင်ရေး အလေးထားဆောင်ရွက်ရေး
  • ဆရာ ဆရာမများ၏ အရည်အသွေး အစဉ်တိုးတက်မြင့်မားနေစေ‌ရေး
  • ဘာသာရပ်မွမ်းမံသင်တန်းများ၊ အရည်အသွေးမြှင့် မွမ်းမံသင်တန်းများ ပို့ချဆွေးနွေးရေး
  • ဝန်ထမ်းများအား ရာထူးတိုးမြှင့်ပေးသည့်အခါတိုင်း  ရာထူးအဆင့်အလိုက် စွမ်းရည်မြှင့်သင်တန်းများ တက်ရောက်စေရန် စီမံဆောင်ရွက်ရေး
  • နိုင်ငံတော်တည်ဆောက်ရေးအတွက် ဘွဲ့ရအလုပ်အကိုင် အခွင့်အလမ်းများကို မြှင့်တင်ပေးရေး
  • နိုင်ငံတကာအဆင့်မီ ခေတ်မီသင်ရိုးညွှန်းတမ်းများ၊ ဆန်းသစ်တီထွင်မှုကို အားပေးမြှင့်တင်သည့် အသုံးချသုတေသနများဖြင့် အရည်အသွေးမြင့်မားသော ဘွဲ့ရပညာတတ်များကို မွေးထုတ်ပေးရေး
  • နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပြုနိုင်ရေးအတွက်  စက်ရုံများ၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် နိုင်ငံတကာအဆင့်မီ သုတေသနရလဒ်များကို အသုံးချသုတေသနများမှ ဖော်ထုတ်ပေးရေး
  • ဆရာ ဆရာမများအတွက် ပညာအရည်အချင်းအလိုက် ခံစားခွင့်များကို တိုးမြှင့်ပေးရေး
  • ဆရာ ဆရာမများ၏ စားသောက်ရေး၊ နေထိုင်ရေးနှင့် ဘဝရပ်တည် နိုင်ရေးအတွက် အာမခံချက်များ ရရှိအောင် ဆောင်ရွက်ပေးရေး
  • အုပ်ချုပ်မှုနှင့် ပတ်သက်၍လည်း ပညာအရည်အချင်းနှင့် တာဝန်ထမ်းဆောင်မှု အဆင့်အလိုက် ထောက်ပံ့ ဆောင်ရွက်ပေးရေး
  • ပညာကို အခြေခံသည့် အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုများကို အသုံးချကာ နိုင်ငံသားများ၏ စုပေါင်းစွမ်းပကားဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရေးကို အထောက်အကူဖြစ်စေမည့် မူဝါဒများ ချမှတ်အကောင်အထည်ဖော်ရေး
  • ပညာရေးမြှင့်တင်ခြင်းဖြင့် တိုင်းပြည်၏ အနာဂတ် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးကို အထောက်အကူပြုနိုင်ရေး
  • ပညာရေးကဏ္ဍ တိုးတက်အောင်မြင်မှုများ ဖြစ်ထွန်းလာစေရေး