ပြည်ထောင်စုဝန်ကြီး အဆင့်မြင့်ပညာဦးစီးဌာနရှိ တာဝန်ခံပါမောက္ခချုပ်များနှင့် တွေ့ဆုံမှာကြား

နေပြည်တော် ၂၀၂၀ ဇွန် ၂၀

         ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း တို့မှ အဆင့်မြင့်ပညာ ဦးစီးဌာနရှိ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မန္တလေး အဝေးသင်တက္ကသိုလ်၊ ထားဝယ်တက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်၊ ဗန်းမော်တက္ကသိုလ်၊ ရွှေဘိုတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်(ပြည်) တို့မှတာဝန်ခံပါမောက္ခချုပ် (၁၁) ဦးအား တွေ့ဆုံ၍ သင်ကြားသင်ယူရေး၊ အသုံးချသုတေသန၊ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ် များအား နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဘဏ္ဍာရေး စည်းမျည်း စည်းကမ်းများနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ကြရန်နှင့် လိုအပ်သည် များကို လမ်းညွှန်မှာကြားပါသည်။