ပြည်ထောင်စုဝန်ကြီးအား ဩစတြီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သော ဦးမင်းသိမ်းမှ လာရောက် ဂါရဝပြုတွေ့ဆုံ

နေပြည်တော် ၂၀၂၀ နိုဝင်ဘာ ၅
 
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးအား ဩစတြီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သော ဦးမင်းသိမ်းက သံအမတ်ကြီးတာဝန်နှင့်အတူ ဗီယင်နာမြို့အခြေစိုက်သည့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် သွားရောက်တာဝန် ထမ်းဆောင်ခြင်းမပြုမီ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၃)သို့ လာရောက် ဂါရဝပြုတွေ့ဆုံသည်။