ပြည်ထောင်စုဝန်ကြီးအား ကနေဒါနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သော ဦးဟောက်ခန့်ဆုမ်းမှ လာရောက်ဂါရဝပြု

နေပြည်တော် နိုဝင်ဘာ ၁၆
 
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးအား ကနေဒါနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သော ဦးဟောက်ခန့်ဆုမ်းက မြန်မာသံရုံး၊ အော်တာဝါမြို့သို့ သွားရောက်တာဝန် ထမ်းဆောင်ခြင်းမပြုမီ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၃)သို့ လာရောက် ဂါရဝပြုတွေ့ဆုံသည်။